အာရှနှင့် ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

အာရှနှင့် ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော်  မေ  ၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးရာ ဝန်ကြီးဌာနဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International Convention Center (BICC) ၌ မေလ ၂ ရက် မှ ၄ ရက်အထိ ကျင်းပမည့် အာရှနှင့် ပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ ထွက်ခွာသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါကွန်ဖရင့်အား “ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် အနာဂတ်တွင် အားလုံးပါဝင်မှု ဖော်ဆောင်နိုင်ရေး အမျိုးသမီးများ ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်များ” ("Woman-Led Initiatives Shaping The Future of Inclusive and Sustainable Tourism") ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။ ကွန်ဖရင့်ကို ခရီးသွားလုပ်ငန်းကဏ္ဍတွင် အခွင့်အလမ်းများ ဖွင့်လှစ် နိုင်ရေးအတွက် အမျိုးသမီးများ၏ ဦးဆောင်နိုင်မည့် အစပြုမှုအစီအစဉ်များကို ရှာဖွေဖော်ထုတ်သွားရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

(သတင်းစဉ်)