ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို အမှန်တကယ် တတ်အောင်သင်၍ တော်အောင် လေ့ကျင့်ပေးကြရမည်

 

ဆရာ၊ ဆရာမများအနေဖြင့် အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို အမှန်တကယ် တတ်အောင်သင်၍ တော်အောင် လေ့ကျင့်ပေးကြရမည်

 

နေပြည်တော်  ဇူလိုင်  ၂၂

    ပညာရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ    ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ    ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊     ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊    ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက  ဆရာ၊  ဆရာမများအနေဖြင့် အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများကို အမှန်တကယ် တတ်အောင်သင်၍ တော်အောင် လေ့ကျင့်ပေးကြရမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ အရည်အသွေး တိုးတက်ရေးအတွက် ဘာသာရပ် မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် အမှန်တကယ် အရည်အသွေး တိုးတက်အောင်    ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ကျောင်းသားလူငယ်များကို ဘာသာရပ်ဆိုင်ရာ ပညာတတ်ရုံသာမက အနာဂတ် သားကောင်းရတနာများ    ဖြစ်လာစေရေးအတွက် ဂါရဝတရားရှိရန်၊    မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက တက္ကသိုလ်များ၊   ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များ၊    ဆက်လက်ဆောင်ရွက်ရမည့် ပညာရေး လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 23, 2024 - 09:38