အင်တာမီလန်အသင်းက တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

 

အင်တာမီလန်အသင်းက တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ

 

အင်တာမီလန်အသင်းက အသင်းမှ အဓိကတိုက်စစ် ကစားသမား မာတီနက်ဇ်ကို ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်   သဘောတူညီမှုရရှိ ခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် မာတီနက်ဇ်သည် ၂၀၁၈ ခုနှစ်က  အာဂျင်တီးနားကလပ်  ရေဆင်းအသင်းမှ အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိ အီတလီစီးရီးအေပြိုင်ပွဲ ၌ အကောင်းဆုံးတိုက်စစ်ကစားသမားများတွင် တစ်ဦး အပါအဝင်အဖြစ် ရပ်တည်နေသူဖြစ်သည်။

မာတီနက်ဇ်သည် အစောပိုင်းနှစ်အပြောင်းအရွှေ့ ကာလများက စပါးအသင်းနှင့် ဘာစီလိုနာအသင်းတို့ သို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အင်တာမီလန်အသင်းတွင်သာ ဆက်လက်ကစားရန် ဆုံးဖြတ်ခဲ့ပြီး  လက်ရှိ  အသင်းနှင့်စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည့်အတွက် အင်တာမီ လန်အသင်းက ပြီးခဲ့သည့်ရက်သတ္တပတ်က သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ရာ မှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ ခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်သည် ယခုဘောလုံးရာသီတွင် အင်တာ မီလန်အသင်း  အီတလီစီးရီးအေချန်ပီယံဆုကို ရာသီ မကုန်မီဆွတ်ခူးနိုင်ခဲ့ရာ၌ အဓိက ကစားသမားအဖြစ်   ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ အီတလီ စီးရီးအေပြိုင်ပွဲတွင်  ၂၄   ဂိုးသွင်းယူနိုင်ကာ  သွင်းဂိုး အများဆုံး ကစားသမားဆုရရှိခဲ့သည့်အပြင် ၂၀၂၃-၂၀၂၄  ဘောလုံးရာသီ   အီတလီစီးရီးအေပြိုင်ပွဲ၏  တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူး နိုင်ခဲ့သည်။

မာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့်အတူ  ပြိုင်ပွဲစုံ  ၂၈၂  ပွဲကစားပြီးချိန်တွင်  ၁၂၉   ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။

Ref;Sky Sports