ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

နေပြည်တော်  မေ  ၂     

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စားရေရိက္ခာ ဖူလုံစေရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများကို တိုးချဲ့ဆောင်ရွက် စေလိုကြောင်း၊ အခြေခံစားသောက်ကုန်များ လုံလောက်ပြီး စားရေရိက္ခာဖူလုံစေရေးအတွက်    စပါးအပါ အဝင် အခြားသီးနှံများ၊ ဆီထွက်သီးနှံများ၊ သားငါးကဏ္ဍများကို အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့်မြေအားလုံး၌ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊   စိုက်ပျိုးရေ လုံလောက်မှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။  

မွေးမြူရေးဇုန်များနှင့် ဇုန်ပြင်ပများတွင် သတ်မှတ်အရေအတွက်များထက် တိုးချဲ့ပြီး မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ အားနည်းချက်၊    အားသာချက်များကို ဖော်ထုတ်ပြီး   မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်   လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက  ခရိုင်အလိုက်  မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့မွေးမြူ နိုင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းရှင်များက လက်ရှိဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း    သိရသည်။

(သတင်းစဉ်)