ရန်ကုန်၊ လူမှုရေး
COVID-19 ရောဂါအခြေအနေကြောင့် ကော်ဖီဈေးကွက် အရောင်းအဝယ်ကျဆင်းခဲ့သည့်အတွက် ကော်ဖီ စိုက်ပျိုးသူနှင့် ထုတ်လုပ်သူများ ချေးငွေရရှိရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းလှိုင်၏ ပြောဆိုချက်အရ သိရသည်။
“COVID-19 ရောဂါအခြေအနေကြောင့် အားလုံးအခက်အခဲဖြစ်ကြတယ်။ ဒီအချိန်မှာ အစိုးရကနေ ချေး ငွေတွေထုတ်ချေးပေးနိုင်ရင်တော့ အဆင်ပြေပါတယ်။ လက်ရှိမှာ အားလုံးက ကော်ဖီတွေ မရောင်းကြရတော့ အခက်အခဲဖြစ်နေ ကြတယ်” ဟု ဦးမင်းလှိုင်က ပြောသည်။
လက်ရှိအချိန်ထိ COVID-19 Fund မှ ချထားပေးသည့် ချေးငွေများကို ကော်ဖီထုတ်လုပ်ပြီး ကုမ္ပဏီ တည်ထောင်ထားသည့် လုပ်ငန်းရှင်နှစ်ဦးခန့်သာ ချေးငွေရရှိထားခြင်းဖြစ်သည်။ အဆိုပါ ချေးငွေ ရရှိသည့် ပမာဏမှာလည်း ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၂၀၀ ဝန်းကျင်သာရရှိခြင်း ဖြစ်သည်။
ပြည်တွင်း၌ ကော်ဖီစိုက်ဧက ငါးသောင်းကျော်ရှိပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများအပြင် ကော်ဖီထုတ် လုပ်သည့်လုပ်ငန်းများလည်း အများအပြားရှိကြောင်း သိရသည်။
နေနေ