နှစ်ကျိပ်ရှစ်ဆူ ဘုရားများ မြို့အတွင်းသို့ ပင့်ဆောင် လှည့်လည်အပူဇော်ခံ

မအူပင်၊ သာသနာရေး

ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်  မအူပင်မြို့အမှတ်(၄)ရပ်ကွက် မြို့လယ်ကျောင်းတိုက်၏ နှစ်စဉ်ကျင်းပ လျက်ရှိသော (၄၉)ကြိမ်မြောက် တန်ဆောင်တိုင်နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓပူဇနိယပွဲတော်တွင် အများပြည်သူကြည်ညို ဖူးမြော်နိုင်ရန် ဒီဇင်ဘာ  ၂ ရက် ညနေပိုင်းတွင် မြို့အတွင်းသို့  နှစ်ကျိပ်ရှစ်ဆူဘုရားများ ပင့်ဆောင်လှည့်လည် အပူဇော်ခံ ကြောင်း သိရသည်။

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓပူဇနိယပွဲတော်ကို  နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော်လည်း  ယခုကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေ ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ထုတ်ပြန်ချက်များနှင့်အညီ မြို့အတွင်းသို့ နိုဝင်ဘာ ၃ဝ ရက်မှ  ဒီဇင်ဘာ၂ ရက်အထိ သုံးရက်တိုင်တိုင်ပင့်ဆောင် လှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)