အွန်လိုင်းကရာတေးပြိုင်ပွဲမှ ထူးချွန်ကစားသမားများကို ဆီးဂိမ်းပဏာမ ကစားသမားစာရင်းအတွက် ရွေးချယ်မည်

မြန်မာနိုင်ငံ   ကရာတေးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အွန်လိုင်းကရာတေး ခတပြိုင်ပွဲမှ   ထူးချွန်ကစားသမားများကို လာမည့် နှစ်ဆီးဂိမ်းအတွက် ပြင်ဆင်မည့် ပဏာမကစားသမား စာရင်းတွင် ထည့်သွင်း ရွေးချယ်မည်ဖြစ်ကြောင်း   မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ်သည် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အသက်  ၁၂  နှစ်အောက်၊ အသက်  ၁၄ နှစ်အောက်၊ ဃေိနအ၊ ဂျူနီယာအဆင့်နှင့် အသက်  ၂၁  နှစ်အောက်  ကရာတေး တစ်ဦးချင်း  ခတပြိုင်ပွဲတို့ကို  အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲများမှ    ထူးချွန်သည့်မျိုးဆက်သစ် ကစားသမားများကို စာရင်းပြုစု၍  လာမည့်နှစ်ဆီးဂိမ်းအတွက်  ပြင်ဆင် မည့်ပဏာမ ကစားသမားစာရင်းတွင် ထည့်သွင်း ရွေးချယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ

ကရာတေးအဖွဲ့ချုပ်မှ   တာဝန်ရှိသူတစ်ဦး ကပြောသည်။

ကျွန်တော်တို့ ဆီးဂိမ်းအတွက်ရည်ရွယ်ပြီး  အွန်လိုင်းကရာတေးပြိုင်ပွဲ  ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေကနေ မျိုး ဆက်သစ်ကစားသမားကောင်းတွေလည်း ထွက်ပေါ်လာပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအသီးသီးက ထူးချွန်သူတွေကို စာရင်း ပြုစုထားပါတယ်။ ဒီကစားသမားတွေနဲ့ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ကရာတေး ပြိုင်ပွဲအသီးသီးက ထူးချွန်သူတွေနဲ့ပေါင်းပြီး  ဆီးဂိမ်းအတွက် စခန်းသွင်းလေ့ကျင့်ဖို့ စီစဉ်ထားပါတယ်။    ဆီးဂိမ်းအတွက် လေ့ကျင့်မှုကို အမြန်ဆုံးပြန်စ နိုင်ဖို့တော့ မျှော်မှန်းထားပါတယ်ဟု  ၎င်းကပြောသည်။

ပြီးခဲ့သည့် အမျိုးသား၊ အမျိုးသမီး ယူ-၁၂၊ ယူ-၁၄၊ ဃေိနအ နှင့် ဂျူနီယာ  ခတတစ်ဦးချင်း ပြိုင်ပွဲများတွင် တိုင်းဒေသကြီး နှင့်  ပြည်နယ်အသီးသီးမှ   ကစားသမားပေါင်း  ၁၀၀ ကျော်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။               

ကိုရဲ