မော်တော်ကားတည်ဆောက်ရာတွင် ပိုမိုမြန်ဆန်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်ခန့်လျှော့ချပေးနိုင်သည့် နည်းလမ်းသစ်တစ်မျိုးကို Tesla အသုံးပြု
၀ါရှင်တန်၊ နည်းပညာ
ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Tesla ကုမ္ပဏီသည် မော်တော်ကား တည်ဆောက် ရာတွင် ပိုမိုမြန်ဆန်ပြီး ကုန်ကျစရိတ်ကို ထက်ဝက်ခန့် လျှော့ချပေးနိုင်သည့် နည်းလမ်းသစ်တစ်မျိုးကို မြှင့်တင်အသုံးပြုလျက်ရှိကြောင်းသိရသည်။
အဆိုပါ နည်းလမ်းသစ်ကို Tesla ကုမ္ပဏီက unboxed ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်ဟု ပေးထား သည်။ အဓိကရည်ရွယ်ချက်မှာ မော်တော်ကားတစ်စီးတွင် တပ်ဆင်မည့် အစိတ်အပိုင်းများအား စက်ရုံတစ်ရုံ၏ သတ်မှတ်ထားသည့် ဧရိယာများတွင် ထုတ်လုပ်၍နောက်ဆုံးတွင် တစုတဝေးတည်း တပ်ဆင်ခြင်းပင် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် မော်တော်ကားတစ်စီး ထုတ်လုပ်မှုအတွက် ကြာချိန်နှင့် ကုန်ကျ စရိတ်ကို လျှော့ချပေးနိုင်မည် ဖြစ်သည်။
Tesla ကုမ္ပဏီသည် ယခင်က ၎င်းတို့ထုတ်လုပ်ထားသည့် မော်တော်ကားများ၏ ဝမ်းဗိုက် အစိတ်အပိုင်း ကို အစိတ်အပိုင်းတစ်ခုတည်းအဖြစ် ထုတ်လုပ်ရန် စီစဉ်ထားသော်လည်း ကမ္ဘာ့စျေးကွက်အတွင်း ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများကြောင့် ယင်းအစီအစဉ်အား လက်ရှိတွင် ဆိုင်းငံ့ထားသည်။ Tesla ကုမ္ပဏီသည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအတွင်းရှိ စျေးကွက်များအတွင်း၌ ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။
သို့သော် Tesla ကုမ္ပဏီအနေဖြင့် အနာဂတ်ကာလတွင် တန်ဖိုးနည်းလျှပ်စစ်ကားများ ပိုမိုထုတ်လုပ် မည်ဟု ကတိကဝတ်ပြုထားကြောင်း သိရသည်။
Ref: TV