နီပေါနိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စင်း ပျံသန်းထွက်ခွာစဉ် ပျက်ကျ ၊ ၁၈ ဦးသေဆုံး

 

နီပေါနိုင်ငံတွင် ခရီးသည်တင်လေယာဉ်တစ်စင်း ပျံသန်းထွက်ခွာစဉ် ပျက်ကျ ၊ ၁၈   ဦးသေဆုံး

 

    နီပေါနိုင်ငံ ခန္တမန္ဒူမြို့ရှိ လေဆိပ်တွင် ဇူလိုင်လ ၂၄ရက်က ခရီးသည်တင် လေယာဉ် တစ်စင်း လေဆိပ်မှ ပျံသန်းထွက်ခွာစဉ် ပျက်ကျခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၁၈ ဦးနှင့် လေယာဉ်မှူးတစ်ဦး လိုက်ပါလာပြီး ခန္တမန္ဒူမြို့ရှိလေဆိပ်မှ ပိုခါရာမြို့သို့ ပျံသန်းထွက်ခွာစဉ် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်က လေဆိပ်၏ အရှေ့ပိုင်းသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျံ ပျက်ကျမှုအတွင်း လိုက်ပါလာသူခရီးသည် ၁၈ ဦးစလုံးသေဆုံးပြီး လေယာဉ်မှူးတစ်ဦးတည်းသာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

လေယာဉ်မှူးအား ကယ်ဆယ်ရေးအဖွဲ့က ခန္တမန္ဒူမြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ပြီး ယခုအခါ ဆေးကုသမှုခံယူလျက် ရှိကြောင်း အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောသည်။ ပျက်ကျခဲ့သည့်လေယာဉ်မှာ  Saurya   လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းဖြစ်ပြီး လေယာဉ်ပျက်ကျပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း နီပေါပြည်တွင်းလေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Dates: 
Thursday, July 25, 2024 - 12:42