တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော် ဇူလိုင် ၂၄

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၃ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   ကိုရီးယားစာတမ်းပါ အကိုက်အခဲပျောက်ဆေးဘူး (၂၅)ဘူးနှင့် ဆေးကတ် (၁၁၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၆၀၀၀၀)ကို လည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးတို့ပေါ်မှ   တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်  Smart အမွှေးဆီထုပ် (၅၀၄၀) ၊ အိန္ဒိယနိုင်ငံထုတ်  Unbleached Woven Cotton Fabric Plain ကီလိုဂရမ် (၇၅၀၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၁၉၉၆၅၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော   မော်တော်ယာဉ်(၁)စီးပေါ်မှ    သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ဂျပန်နိုင်ငံထုတ် စက်ဘီး (Used)စီး (၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၂၄၅၆၅၆၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၌ ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံ တင်ထားခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Dano Inj (Tetanus Vaccine IP (၁၈၈) Ampoules ၊ Alburel Inj (Human normal Albumin IP) (၉) Samsung အပါအဝင် ဆေးပစ္စည်း(၁၅)မျိုးနှင့်     Samsung  လက်ကိုင်ဖုန်း (၂)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၉၉၀၀၀)ကို လည်းကောင်း၊ ချမ်းအေးသာစံ အလယ်ရပ်ကွက်၊ ၈၄ လမ်းနှင့် ၂၇ လမ်းထောင့်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ ကျန်းမာရေး ဝန်ကြီးဌာနတွင်  တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများဖြစ်သည့် Pantoprazole For Injection  (၃၀၀)ဘူး၊ Dextro Tablets ကတ် (၁၅၀) အပါအဝင် ဆေးဝါး(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၃၀၀၀)ကိုလည်းကောင်း၊  စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃၂၂၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၂၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌    စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Forgo Maintenance Free Battery (၈)လုံး၊ Vivo Phone Battery  လုံး  (၂၀၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ (၂ ဒသမ ၃၂၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၃၀၄၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ လိုင်စင်မဲ့ Mitsubishi Pajero မော်တော်ယာဉ်(၁)စီး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်၊ ကာယသုခလမ်း၊ အမှတ် (၂၁၆)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် စားအုန်းဆီ (၅)လီတာပါ (၁၉၆)ဘူး အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၄၃၀၀၀)နှင့် Honda Scoopy 110  မော်တော် ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂၂၆၀၄၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၃၂၄၆၀၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး  ဦးဆောင် ကော်မတီမှ သိရသည်။

Dates: 
Thursday, July 25, 2024 - 13:58