နွေရာသီအတွင်း လျှပ်စစ်မီးသုံးစွဲမှုပမာဏ မြင့်တက်နိုင်ခြေနှင့် ဝန်အားမမျှဖြစ်နိုင်ခြေရှိဟု တရုတ်ထုတ်ပြန်
တရုတ်နိုင်ငံ၌ ယခုနှစ်နွေရာသီအတွင်း လျှပ်စစ်မီးသုံးစွဲမှုပမာဏသည် ၂၀၂၃ ခုနှစ်ကထက် ကီလိုဝပ်သန်း ၁၀၀ ကျော် ပိုမိုမြင့်တက်လာနိုင်ကြောင်းနှင့် ဝန်အားမမျှဖြစ်နိုင်ခြေရှိကြောင်း တရုတ်စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၂၉ ရက်တွင် ထုတ်ပြန်သည်။
အထူးသဖြင့် ရာသီဥတုအခြေအနေသည် ပိုမိုဆိုးဝါးလာပါက နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အတွင်းမွန်ဂိုလီးယားဒေသတို့၌ လျှပ်စစ်မီးဝန်အားမမျှ ဖြစ်နိုင်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် အစောပိုင်းတွင် နိုင်ငံအနောက်တောင်ပိုင်းဒေသ၌ တောမီးလောင်မှုများသည် လျှပ်စစ်ဓာတ် အားလိုင်းများ၏ ဘေးကင်းသော လည်ပတ်မှုအပေါ် ဆိုးဝါးစွာ သက်ရောက်မှုရှိစေကြောင်း အမျိုးသား စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ယန်ရှုဝမ်ကပြောသည်။
ဖေဖော်ဝါရီလက လျန်ရှန်းမြို့၌ဖြစ်ပွားသော တောမီးလောင်မှုကြောင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းသုံးခုကို ပိတ်လိုက်ရသည့်အတွက် မဟာဓာတ်အားလိုင်းတွင် ရေအားလျှပ်စစ်မှရရှိသော လျှပ်စစ်ဓာတ်အားကီလိုဝပ် ၁၁ ဒသမ ၂ သန်း လျော့ကျမှုဖြစ်ပွားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၂ ရက်အထိ ကွီကျိုးပြည်နယ်၌ မီးလောင်မှုသည်လည်း လျှပ်စစ်ဓာတ်အားလိုင်း ၁၄ လိုင်းကို ပိတ်ချရသည်အထိ ဖြစ်ပွားစေခဲ့သောကြောင့် ဓာတ်အားပေး စက်ရုံသုံးရုံ၏ လုပ်ငန်းလည်ပတ်မှုသည်လည်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
Ref: TST