ဖိလစ်ပိုင်က မိုးခေါင်ရေရှားမှုပြဿနာကိုဖြေရှင်းရန် တိမ်ပျိုးခြင်းလုပ်ငန်းကို လုပ်ဆောင်မည်
ဖိလစ်ပိုင်နိုင်ငံအတွင်း မိုးခေါင်ရေရှားမှု ပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် တိမ်ပျိုး ခြင်းလုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၃၀ ရက်တွင် ပြောသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပါအဝင် ပူပြင်းခြောက်သွေ့လွန်းသောအခြေအနေကြောင့် နိုင်ငံအတွင်းရှိ ပြည်သူ ၂ ဒသမ ၉ သန်းခန့်မှာ မိုးခေါင်ရေရှားမှု ဒဏ်ကိုခံစားနေရခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံအတွင်းရှိမြို့နယ်နှင့် ဒေသပေါင်း ၁၃၁ ခုကို နိုင်ငံတော်အဆင့် ဘေးသင့်ရာနေရာများအဖြစ် ကြေညာထားရပြီး ထိုဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု အယ်နီညိုဖြစ်စဉ် လုပ်ငန်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုအီဗီလာရာမာက ပြောသည်။
ဘေးသင့်ရာနေရာများအဖြစ်သတ်မှတ် ခံထားရသောဒေသအများစုမှာ မိုးခေါင်ရေရှား မှုဒဏ်ကို ခံစား နေရကြောင်း၊ အထူးသဖြင့် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင်ဖြစ် ကြောင်းနှင့် ဘေးသင့်ရာဒေသ အဖြစ် သတ်မှတ်ခံထားရသော နေရာများမှတာဝန်ရှိသူ များအနေဖြင့် ရန်ပုံငွေတောင်းခံကာ အပူချိန် လျော့ကျရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ကြောင်း ဂျိုအီဗီလာရာမာကဆက်ပြောသည်။
အယ်နီညိုရာသီဥတုဖြစ်စဉ်၏ အဆိုးဆုံးသော အခြေအနေများသည် မေလကုန်အထိ ဆက်လက် တည်ရှိနေမည် ဖြစ်သည်ဟု မိုးလေဝသဌာနက သတိပေးထားသည်။
ထိုကဲ့သို့ ပူပြင်းခြောက်သွေ့သော အခြေအနေများကြောင့် စိုက်ပျိုးရေးကဏ္ဍ၌ ဆုံးရှုံးမှုမှာ ဖိလစ်ပိုင်ပီဆို ၄ ဒသမ ၃၉ ဘီလီယံရှိ ကြောင်း သိရသည်။
Ref: Xinhua