ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပနအခမ်းအနား တက်ရောက်ခဲ့သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မ

ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပနအခမ်းအနား တက်ရောက်ခဲ့သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ  အထွေထွေ အတွင်းရေးမှူး နှင့်သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပနအခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်း က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်  ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စစ်သံမှူးနှင့်သံရုံးမှ တာဝန်ရှိ သူများ၊ တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားဈာပနခန်းမ တွင် ယာယီထားရှိသော ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏  ရုပ်အလောင်းအားလွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းနှင့် ဝမ်းနည်းကြောင်း မှတ်တမ်း တွင် လက်မှတ်ရေးထိုးခြင်းများဆောင်ရွက်ခဲ့ပြီး ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Le Huy Vinh (လဲ့ ဟွေး ဗင့်)နှင့် သီးသန့်တွေ့ဆုံခဲ့သည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ w H. E. Mr. To Lam ထံ ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် သမ္မတဟောင်း ငုယင်ဖုကျောက် ကွယ်လွန်ခြင်းအတွက် ထပ်မံပေးပို့လိုက် သောဝမ်းနည်းကြောင်း သဝဏ်လွှာအား  ပေးအပ်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးသည် ဇူလိုင်လ ၂၆ ရက် မွန်းလွဲပိုင်းက ဟနွိုင်းမြို့ရှိ အမျိုးသားဈာပနခန်းမ၌  ကျင်းပသည့် အောက်မေ့ဖွယ်အခမ်းအနား သို့တက်ရောက်ခဲ့ပြီး အဆိုပါအခမ်း အနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ သမ္မတ w H. E. Mr. To Lam က  ကွယ်လွန်သူ သက်ရှိထင်ရှားရှိစဉ်အတွင်း  နိုင်ငံကောင်းကျိုးအတွက် စွမ်းစွမ်းတမံ  ထမ်းရွက်ခဲ့မှုများကို ပြန်ပြောင်း သတိရ လျက်  ချီးကျူးဂုဏ်ပြုစကားမြွက်ကြားခဲ့သည်။

ထို့နောက် ဗီယက်နမ်ကွန်မြူနစ်ပါတီ  အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း  ငုယင်ဖုကျောက်၏ ရုပ်အလောင်းအား  မီးသင်္ဂြိုဟ်မည့်နေရာသို့ လိုက်ပါပို့ဆောင် ခဲ့သည်။

အဆိုပါဈာပနအခမ်းအနားသို့ ပြည်ပ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ နိုင်ငံတော်အကြီး အကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ ဆိုင်ရာမြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံးဝန်ထမ်းများ၊ စစ်သံစစ်မှုထမ်းများ၊ သင်တန်းသားအရာရှိများ၊ သံရုံး/စစ်သံရုံးမှ  မိသားစုဝင်များနှင့် တွေ့ဆုံအမှာစကား  ပြောကြားကာ လက်ဆောင်ပစ္စည်းများ  ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Sunday, July 28, 2024 - 03:31