မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)တွင် ှုှဏန အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)တွင်  ှုှဏန အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန် ဇူလိုင် ၂၇

      မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ   ISPEအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့      YUSC အားကစားကွင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၈မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ရန်ကျော်ထွေးက သွင်းယူနိုင်ခဲ့က အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို  ရန်ကုန်ယူနိုက်တက် အသင်းခံစစ်ကစားသမား ကျော်ဖြိုးဝေက ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ISPE အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်းတို့ကစားခဲ့ရာ ခြေစွမ်းပိုင်းကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ  ISPE အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၂၅ မိနစ်တွင် ဟိန်းထက်ငြိမ်းက သွင်းယူပေးနိုင်ခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ISPE အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သည့် ခံစစ်ကစားသမား ဟိန်းထက်ငြိမ်းက ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၄)ပွဲစဉ်များအဖြစ် ဇူလိုင်လ ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။