ပခုက္ကူမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

 

ပခုက္ကူမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

 

      နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်  လာစေရန်နှင့်  လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ဇူလိုင်လ ၂၇ ရက်က ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဦးစီးမှူး ဦးဆန်းလင်းက အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းယုမော် က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ရာ ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသား မောင်တင်ထွန်းက လူငယ်နှင့် ယဉ်ကျေးမှု၊ ကျောင်းသား မောင်မြင့်မြတ်ထွန်းက  လူငယ်နှင့်ကျေးဇူးတရား၊ ကျောင်းသူ မသျှားအိန္ဒြာကျော်က လူငယ်နှင့်ဦးနှောက် ဖွံ့ဖြိုးရေး၊ ကျောင်းသူ မစန္ဒာစိုးက လူငယ်နှင့်ပျော်ရွှင်မှု၊ ကျောင်းသူ  မအိန့်မြင့်မြတ်ခင်က  လူငယ်နှင့်အချိန်၏တန်ဖိုး၊ ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)မှ မခင်ငြိမ်းသူက ချစ်သမီးလေး ချယ်ရီမေ၊ မနှင်းမျိုးလှဇော်က အမျိုးသမီး စွမ်းရည်၊   မခင်ချိုလွင်က    မျှဝေလိုသောအတွေး၊ မယုယုနိုင်က    အောင်မြင်မှုပန်းတိုင်၊     မချိုပြုံးက မေတ္တာရှင်မလေး    ပေါ်လီယာနာခေါင်းစဉ်တို့ဖြင့် အသီးသီးပါဝင် ဆွေးနွေးကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံတကာအပါ အဝင် မြန်မာနိုင်ငံစာရေးဆရာကြီးများ၏ စာပေအဆို အမိန့်များ၊  အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ လူငယ်စကားဝိုင်းသို့ တက်ရောက် လာကြသူများက  စိတ်ဝင်တစားကြည့်ရှု လေ့လာကြကြောင်း သိရသည်။

Dates: 
Monday, July 29, 2024 - 09:04