မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ISPE အသင်း နိုင်ပွဲရရှိခဲ့ပြီး မြဝတီအသင်းနှင့်ရန်ကုန်ယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်

 

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင်  ISPE အသင်း နိုင်ပွဲရရှိခဲ့ပြီး မြဝတီအသင်းနှင့်ရန်ကုန်ယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်

 

ရန်ကုန်  ဇူလိုင် ၂၈

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိနေသည့် မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ်(၁၀)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ   ISPEအသင်းနိုင်ပွဲ ရရှိခဲ့ပြီး မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌   ISPE   အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ    ISPE  အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃ မိနစ်တွင် နုနု၊ ပွဲချိန် ၄၇ မိနစ်တွင် လင်းမြင့်မိုရ်၊ ပွဲချိန် ၅၄ မိနစ်တွင် ယဉ်လွန်းအိန်တို့က သွင်းယူပေးခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၉၂ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် မေစပယ်ဖူးက သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၃ နာရီခွဲတွင် YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ကစားခဲ့ရာ အပြန်အလှန် သွင်းဂိုးများဖြင့် နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၅ မိနစ်တွင် ဝင်းသိင်္ဂီထွန်း၊ ပွဲချိန် ၆၁ မိနစ်တွင် ယုယုနိုင်တို့က သွင်းယူပေးခဲ့ပြီး မြဝတီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန်မိနစ် ၃၀ တွင် ရူပါခိုင်နှင့် ပွဲချိန် ၉၁ မိနစ်တွင် ဖြူဖြူဝင်းတို့က သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)အဖြစ် ဇူလိုင်လ ၂၉ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီအသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, July 29, 2024 - 10:35