တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၂၉

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်း အဖွဲ့များက   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်   ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့်  Reconditioned Sewing Machine (၂)လုံးအပါအဝင် ကုန်ပစ္စည်း(၂၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၇၀၆၀၀၀)ကို လည်းကောင်း၊    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်တင်ပို့ခွင့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရွှေဟုယူဆရသော ၁၀ ကျပ်သားခန့်ရှိ လက်ကောက်(၆)ကွင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၆၀၀၀၀၀၀) ကို လည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ)၌    တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော အီတလီနိုင်ငံနှင့် ပြင်သစ်နိုင်ငံထုတ်လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် Toothed Wheel (၂)ခု၊ CVMOT2-CVMOT3 Card Replacement (၂)ခု၊ Kit Maint E-V  (၁) Bearing (၂၀)ခုအပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)ကို လည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့   မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးပေါ်မှ   သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် My Boy နို့ဆီနှင့် နို့စိမ်း (၃၁၉၂၀)ဘူး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅၃၁၀၀၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head  (၁)စီး၊ Dong Feng Tractor Headိ (၁)စီးနှင့် နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၇၃၇၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊ သဲကောကျေးရွာအနီး၌   တရားမဝင် ကျွန်းသစ်(သုည ဒသမ ၅၉၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၁၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့်     တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ (၁၂)ကီလိုဂရမ်ပါ (၆၅၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ   တင်ဆောင်လာသည့် Nissan Diesel Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံ တံတားစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသော တရုတ်နိုင်ငံထုတ် ကြက်ဖင်ဆီဘူး (၃၉၉၉၆)ထုပ်အပါအဝင်  စားသောက်ကုန်ပစ္စည်း(၃)မျိုး စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၁၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂၇၅၆၁၂၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

Dates: 
Tuesday, July 30, 2024 - 12:59

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 38267754466e51d9a17cca0.46043268 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).