မိုးနဲမြို့နယ် လုံစံကျေးရွာရှိ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ် စိုက်ခင်း၌ မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

 

မိုးနဲမြို့နယ် လုံစံကျေးရွာရှိ ဆီထွက်သီးနှံ နေကြာမျိုးစေ့ထုတ် စိုက်ခင်း၌ မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

 

      ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု လုံစံ ကျေးရွာရှိ ဆီထွက်သီးနှံ နေကြာမျိုးစေ့ ထုတ်စိုက်ခင်းငါးဧက၌   မျိုးကွဲနုတ်ပယ် ခြင်းကို   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဇူလိုင်လ ၃၀ ရက်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက မျိုးစေ့ထုတ် စိုက်ခင်း၌  မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်မှုကို ကြည့်ရှုလေ့လာကြသည့် တောင်သူများအား မျိုးကွဲနုတ်ပယ်သည့် နည်းစနစ်များ၊ အပင်ဖြစ်ထွန်းမှု၊ ပိုးမွှားကျရောက်မှု ရှိ၊  မရှိ   စစ်ဆေးကြည့်ရှုနည်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက     စိုက်ခင်းများအတွင်း    မျိုးကွဲနုတ်ပယ်ခြင်း ုပ်ငန်းကို လက်တွေ့ ပြသကြသည်။

မျိုးစေ့ထုတ်စိုက်ခင်းများ၌     မျိုးကွဲနုတ်ပယ်ပေးခြင်းအားဖြင့် တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာမည့် နေကြာအရည်အသွေး ကောင်းမွန်ခြင်း၊ စျေးကောင်းရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းကို  ပန်းပွင့်ကာလနှင့်  သီးနှံ ရင့်မှည့်ချိန်ကာလများတွင် လုပ်ဆောင်ရကြောင်း သိရသည်။

Dates: 
Wednesday, July 31, 2024 - 11:31