ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၂၄ ဇူလိုင်လ - ၃၁
မွန်ပြည်နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့တွင် မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအမှာစကား ပြောကြားသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ နယ်မြေခံသင်တန်း ကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့ သားကောင်းရတနာများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ဂုဏ်ပြုကြိုဆိုကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်း ရရှိသည်။