နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၉) သင်တန်းဆင်း

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၂၉) သင်တန်းဆင်း

 

ရန်ကုန်  ဇူလိုင်  ၃၁

    ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ အရာထမ်းငယ် သင်တန်းအမှတ်စဉ်(၁၂၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၂၁၉၊ ဦးဟိန်းဇေယျာ ဒုတိယဦးစီးမှူး မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန၊  သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၅၈၊  ဒေါ်ပန်းလရောင် ဒုတိယမြို့နယ်ဥပဒေ အရာရှိ ကျောက်ဆည်မြို့နယ်ဥပဒေရုံး ဥပဒေရေးရာဝန်ကြီးဌာနတို့ကို လည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်းပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခများ၊ သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၆၂ ဦး၊ သင်တန်းသူ ၁၉၃ ဦး စုစုပေါင်း ၃၅၅ ဦးတို့  တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ မေလ ၂၀ ရက်မှ ဇူလိုင်လ ၃၁  ရက်အထိ  ရက်သတ္တ ၁၀ ပတ်ကြာမြင့် ခဲ့ကြောင်း သိရသည်။