မိတ်ဆွေကောင်း ရုရှားနိုင်ငံနှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည်ဟု အင်ဒိုနီးရှား သမ္မတအသစ်ပြော

 

မိတ်ဆွေကောင်း ရုရှားနိုင်ငံနှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည်ဟု အင်ဒိုနီးရှား သမ္မတအသစ်ပြော

 

    အင်ဒိုနီးရှားအစိုးရ အနေဖြင့် မိတ်ဆွေကောင်း နိုင်ငံဖြစ်သည့် ရုရှားနှင့်ပိုမိုခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ အသစ်အဖြစ် ရွေးကောက်ခံရသည့် ပရာဘိုဝိုဆူဗြန်တိုက ပြောသည်။

ဆူဗြန်တိုသည် လက်ရှိအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်လျက်ရှိပြီး  ဇူလိုင်လ ၃၁ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တော်သို့ သွားရောက် သည့်ခရီးစဉ်အတွင်း  ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ ဆူဗြန်တိုသည် လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုထံမှ  သမ္မတရာထူးကို ယခုနှစ် အောက်တိုဘာလတွင် လွှဲပြောင်းရယူမည်ဖြစ်သည်။

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့ကြား ကာကွယ်ရေး၊ စွမ်းအင်နှင့်ပညာရေး ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အထူးသဖြင့် ကာကွယ်ရေးနှင့် နျူကလီးယား  စွမ်းအင် ကဏ္ဍတို့တွင် ဆက်လက်၍ မိတ်ဖက်နိုင်ငံများအဖြစ်  ဆက်ဆံမှုကို ထိန်းသိမ်းထား ရန်ဆန္ဒရှိနေပြီး အင်ဒိုနီးရှားကျောင်းသားများအား  ဆေးပညာသင်ယူရန်အတွက် ရုရှားနိုင်ငံသို့စေလွှတ်ရန်  ရည်ရွယ်ထားသည်။

ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံက အခက်အခဲနှင့် ကြုံတွေ့သည့်အခါတိုင်းတွင် အသွင်သဏ္ဌာန် အမျိုးမျိုးဖြင့် အကူအညီ ပေးအပ်ခဲ့သောကြောင့်   အင်ဒိုနီးရှားက ရုရှားနိုင်ငံအား မိတ်ဆွေကောင်းနိုင်ငံအဖြစ် သဘောထားကြောင်း၊ နှစ်နိုင်ငံကြား ကောင်းမွန်သော ဆက်ဆံရေးကိုထိန်းသိမ်း၍ ပိုမိုခိုင်ခံ့အောင် တိုးမြှင့်လိုကြောင်း  ဆူဗြန်တိုက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့်လည်း အင်ဒိုနီးရှား နိုင်ငံသို့တင်ပို့နေသည့် စိုက်ပျိုးရေး ထုတ်ကုန်များကို တိုးမြှင့်ရန် အသင့်ရှိနေပြီး စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ စသည့်ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတပူတင်၏ ပြောကြားချက်ကို ကိုးကား၍  Tass သတင်း အေဂျင်စီက ဖော်ပြခဲ့ကြောင်း သိရသည်။

Dates: 
Friday, August 2, 2024 - 12:40