လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ဆရာ/ဆရာမများအား ဆန်၊ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများပေးအပ်
နေပြည်တော်၊ ၂၀၂၄ ဩ- ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်၊ အခြေခံ ပညာအထက်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ အမေ့မေတ္တာဆောင်၌ ပြုလုပ် ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ ဆရာမများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။