ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဖိုတိုလစ်သို ပုံနှိပ်စက်ရုံတွင် လုပ်ငန်း ဆောင်ရွက်နေမှုများ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  ဖိုတိုလစ်သို ပုံနှိပ်စက်ရုံတွင် လုပ်ငန်း ဆောင်ရွက်နေမှုများ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

ရန်ကုန် သြဂုတ်  ၂

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံ၌ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဖိုတိုလစ်သိုစက်ရုံဝင်း အတွင်း၌ ပုံနှိပ်ခြင်းလုပ်ငန်းနှင့် စာအုပ်ချုပ်လုပ်ငန်းကို  ကြည့်ရှုစစ်ဆေးပြီး  စာသင်ခန်း၊ အားကစားခန်းမနှင့် သိုလှောင်ခန်းအဖြစ် အသုံးပြုနိုင်ရန်  ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု သည်။

ထို့နောက် ဖိုတိုလစ်သိုစက်ရုံ  စက်ရုံမှူး  က လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် နိုင်ငံတော်ဝန်ကြီး ချုပ်က စာအုပ်၊ စာပေကို အလေးထား တန်ဖိုးထားကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနအနေဖြင့် ပြင်ပမှစာအုပ်၊ စာစောင်များကို ပုံနှိပ်ထုတ်ဝေပေးလျက် ရှိပြီး ဌာန အနေဖြင့် အချိန်မီထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်ရေးတို့ကို ဆက်လက်ဂရုပြုသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

၁၉၅၁ ခုနှစ်တွင် အဆိုပါစက်ရုံမြေနေရာကို  ငွေကျပ် ၁၀၂၀၁၈၀ ဖြင့် ဗဟိုပုံနှိပ်တိုက်က ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဝန်ထမ်း ၉၀ ကျော်ဖြင့် ဗဟိုပုံနှိပ်တိုက်ခွဲ(ဖိုတိုလစ် သိုပုံနှိပ်တိုက်ခွဲ)အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။  ၁၉၇၀ ပြည့်နှစ် မတ်လတွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းစဉ်  ဖိုတိုလစ်သိုပုံနှိပ် စက်ရုံဟူ၍  ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ  ဲှုဃဗ အထောက်အပံ့ဖြင့် ကျောင်း သုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်ပုံနှိပ်လုပ်ငန်း စီမံချက်ကို ယန်းငွေသန်းပေါင်း ၆၉၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။