ညောင်ရွှေမြို့နယ် အင်းပေါခုံခေတ်မီစံပြကျေးရွာ(ှာမေအ ဠငူူေါန)အား ဒုတိယဝန်ကြီး ဦးမြင့်စိုး ကြည့်ရှုစစ်ဆေး

 

ညောင်ရွှေမြို့နယ် အင်းပေါခုံခေတ်မီစံပြကျေးရွာ(ှာမေအ ဠငူူေါန)အား ဒုတိယဝန်ကြီး ဦးမြင့်စိုး ကြည့်ရှုစစ်ဆေး

 

နေပြည်တော် သြဂုတ် ၂

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ခွန်ရဲထွေးတို့သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု နောင်မွန်းကျေးရွာသို့ သွားရောက်၍ အသင်းသား ၁၅ ဦးဖြင့် နွားအကောင်ရေ ၃၀ မွေးမြူနေသော ရွှေတက်တိုးမွေးမြူရေး သမဝါယမအသင်း လီမိတက်မှ အသင်းသား၊ အသင်းသူ များနှင့်တွေ့ဆုံကာ   ဒေသနွားမျိုးများ တိုးချဲ့မွေးမြူရန်နှင့်  ယခင်ဘဏ္ဍာနှစ်တွင် သောက်သုံးရေရရှိရေး အတွက် ဆောင်ရွက်ပေးခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် အိမ်သွယ်ရေတိုင်စနစ်သောက်သုံးရေ ရရှိရေး၊ ကုန်ထုတ်လမ်း ၁ မိုင် ၂ ဖာလုံ ဖောက်လုပ်ပေးခြင်း၊မြစိမ်းရောင်စီမံကိန်း  မတည်ပေးခြင်းနှင့် ကျေးရွာအဝင်လမ်း ၄ ဖာလုံကတ္တရာခင်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌတို့က အမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ဒေသခံတောင်သူများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များ တင်ပြမှုအပေါ်   ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် နောင်တရားမြို့သို့ သွားရောက်ပြီး  နောင်တရားအာလူး စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း  သမဝါယမအသင်း၏ တန် ၂၀၀၀ အာလူးအအေးခန်းသိုလှောင်ရုံ ကိုလည်းကောင်း၊ လိုအပ်သော ဒေသများတွင် တပ်ဆင်အသုံးပြုနိုင်ရေး အတွက် စမ်းသပ်ဆောင်ရွက်ထားသော ၄၈ တန် ဆံ့ရွေ့လျား အအေးခန်းသိုလှောင်ရုံ (Mobile Cool Room) ကို လည်းကောင်း၊ ယခုကဲ့သို့ အအေး ခန်းစက်ရုံကြီး ပေါ်ပေါက်လာစေရေး အတွက် အစပျိုးလုပ်ငန်းအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ကူညီပံ့ပိုးပေးခဲ့သော တန် ၃၀ ဆံ့ အအေးခန်း သိုလှောင်ရုံအား လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အဆိုပါသမဝါယမ အသင်း၏ သဘာဝမြေသြဇာစက်ရုံကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး  နောင်တရားအာလူး စိုက်ပျိုးရေးနှင့်  အထွေထွေစီးပွားရေး သမဝါယမအသင်း၏ တစ်သျှူးကာချာနည်းဖြင့် အာလူးမျိုးများ စမ်းသပ်ထုတ်လုပ်နေသော မျိုးပွားခြံသို့ သွားရောက်၍ ၄၅ ရက်သား ရုရှား G1မျိုး စိုက်ပျိုးထားမှုကို ကြည့်ရှုလေ့လာသည်။

ယင်းနောက်    ပင်လောင်းမြို့နယ် နောင်တရားကျေးရွာ၊ နန်းတိုင်းကျေးရွာနှင့် လွင်ကျေးရွာတို့မှ ငရုတ်သီးစိုက်တောင်သူ အစုအဖွဲ့များနှင့်တွေ့ဆုံပြီး လက်ရှိစိုက်ပျိုး ထားသော ငရုတ်ဧက  ၄၀၀၀  မှထွက်ရှိသော   ငရုတ်သီးများ၏ စျေးကွက်ရရှိမှု အခြေအနေ၊ တန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ် နိုင်မှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးပြီး သမဝါယမ အသင်းစုချုပ်များနှင့် ပူးပေါင်း၍ ကုန်ထုတ်သမဝါယမ အသင်းများ ဖွဲ့စည်းရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရန်နှင့် ပြည်ပပို့ကုန်အထိပါ   မျှော်မှန်းဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့   လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ခွန်ရဲထွေးတို့ကလည်း ဖြည့်စွက်ဆွေးနွေးသည်။

ထိုမှတစ်ဆင့်   ဒုတိယဝန်ကြီးသည် ကလောမြို့နယ်  ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေဖြင့် တောင်မြေခြားနှင့် မြောက်မြေခြား ကျေးရွာချင်းဆက် လမ်းအရှည်တစ်မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းကိုကြည့်ရှု စစ်ဆေးပြီး  လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်  ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး(One Village One Product))အဖြစ် မြန်မာ့ရိုးရာရက်ကန်းနှင့် အထည်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ညောင်ရွှေမြို့နယ်အင်းပေါခုံခေတ်မီစံပြ ကျေးရွာ  (Smart Village)သို့ သွားရောက်၍   ကျေးရွာကော်မတီဝင်များ၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတိုင်စည်းနည်းပညာ သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍   လိုအပ်သည်များ မှာကြားသည်။

ယင်းနောက်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   ဦးစီးမှူး ဒေါ်ယုယုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အင်းပေါခုံခေတ်မီစံပြကျေးရွာ၌ ဆောင်ရွက်ပေးမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးတို့က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်မတည် ရန်ပုံငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။