SpaceX က Starlink ဂြိုဟ်တု ၂၃ စင်းကို ထပ်မံလွှတ်တင်
SpaceX ကုမ္ပဏီက သြဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် Falcon 9 ဒုံးပျံအသုံးပြု၍ နောက်ထပ် Starlink ဂြိုဟ်တု ၂၃ စင်းကို ထပ်မံလွှတ်တင်သည်။ ယခုလွှတ်တင်မှုသည် ဇူလိုင်လ ၁၁ ရက် လွှတ်တင်မှု မအောင်မြင်ပြီးနောက် ထပ်မံလွှတ်တင်ခြင်း ဖြစ်သည်။
Falcon 9 ဒုံးပျံသည် Starlink ဂြိုဟ်တု ၂၃ စင်းကိုတင်ထားသည့် ယာဉ်ကိုတင်ဆောင်ကာ ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီ အာကာသဌာနချုပ်မှ ဒေသစံတော်ချိန်နံနက် ၁ နာရီ ၁ မိနစ်တွင် ထွက်ခွာသွားခြင်း ဖြစ်သည်။
ထို့နောက် ရှစ်မိနစ်အကြာတွင် ဒုံးပျံ၏ပထမအဆင့် အားမြှင့်ပင်မအစိတ်အပိုင်းက အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ ဆင်းသက် ဒရုန်းယာဉ်ပေါ်သို့ အောင်မြင်စွာပြန်လည် ဆင်းသက်လာနိုင်သည်။
အာကာသယာဉ်မှာမူ ဂြိုဟ်တုများကို ဆက်လက်သယ်ဆောင်သွားကာ ၆၄ မိနစ်အကြာတွင် ထိုဂြိုဟ်တုများကို ကမ္ဘာပတ်လမ်း အနိမ့်သို့ အောင်မြင်စွာဖြန့်ကြက်လိုက်နိုင်သည်။
SpaceX ကုမ္ပဏီ၏ ယခုလွှတ်တင်မှုသည် သီတင်းပတ်တစ်ပတ်အတွင်း စတုတ္ထမြောက် လွှတ်တင်မှုဖြစ်ပြီး Falcon 9 ဒုံးပျံ အတွက်မှာမူ ယခုတစ်ကြိမ်သည် ၎င်းအတွက် ၁၂ ကြိမ်မြောက် ပျံသန်းမှုဖြစ်ကာ ကိုးကြိမ်မှာ Starlink ဂြိုဟ်တုများကို လွှတ်တင်ခြင်း ဖြစ်သည်။