ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းက ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းက ရုတ်တရက် နှလုံးဖောက်ပြန်မှု ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်

 

    မည်သည့်အမျိုးအစားမဆိုဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးခြင်းက ရုတ်တရက်နှလုံးဖောက်ပြန်မှုဖြစ်ပွားနိုင်ခြေနှင့် လေဖြတ်မှုဖြစ်ပွားနိုင်ခြေတို့ကို လျှော့ချပေးနိုင်ကြောင်း သုတေသနများတွင် တွေ့ရှိထားသည်။

ကိန်းဘရစ်၊  ဘရစ္စတိုနှင့်  အီဒင်ဘာ့တက္ကသိုလ်တို့မှ သုတေသနပညာရှင်များက အင်္ဂလန်ရှိ အရွယ်ရောက်ပြီးသူ သန်းပေါင်းများစွာ၏ ဆေးမှတ်တမ်းများကို လေ့လာမှုပြုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏လေ့လာမှုတွင် အသက် ၁၂ နှစ်အထက် ရှိသူများအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး   အနည်းဆုံးတစ်ကြိမ် ထိုးထားပြီးသူများဖြစ်သည်။

“မိမိတို့က အင်္ဂလန်မှာရှိတဲ့ အရွယ်ရောက်ပြီးသူ ၄၅ ဒသမ ၇ သန်းအပေါ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနဲ့ နှလုံးရောဂါတို့ကြား ဆက်စပ်မှုကို လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလိုလေ့လာရာမှာ   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းက ရုတ်တရက်နှလုံး ဖောက်ပြန်မှုဖြစ်ပွားခြင်းနဲ့ လေဖြတ်ခြင်းတို့လိုမျိုး ဖြစ်လေ့ဖြစ်ထရှိတဲ့ နှလုံးရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာ တွေ့ရပါတယ်”ဟု ကိန်းဘရစ်တက္ကသိုလ်မှ သုတေသီအဖွဲ့ခေါင်းဆောင် ဒေါက်တာဆမန်သာက ပြောသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးနောက် သီတင်းပတ် ၁၃ ပတ်မှ ၂၄ ပတ်အတွင်း ထိုကဲ့သို့သောရောဂါများ ဖြစ်ပွားနိုင်ခြေ ၁၀ ရာခိုင်နှုန်း လျော့ကျသွားသည်ကို တွေ့ရသည်။

ထို့ပြင် အက်စထရာဇီနီကာ၏ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးပြီးပါက ရောဂါဖြစ်ပွားနိုင်ခြေ   ၂၇ ရာခိုင်နှုန်း၊ ဖိုင်ဇာကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးပြီးပါက ရောဂါဖြစ်ပွားနိုင်ခြေ   ၂၀ ရာခိုင်နှုန်း လျော့နည်းကျဆင်း စေသည်ဟု သုတေသီများက ၎င်းတို့၏တွေ့ရှိချက်တွင် ဖော်ပြထားသည်။

Dates: 
Sunday, August 4, 2024 - 17:55