ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲကြီးဧက ၃၀ စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲကြီး ဧက ၃၀ စိုက် ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက် ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီတွင် ပဲကြီး ၃၄ ဧက စိုက်ပျိုးရန် လျာထားပြီး တောင်သူများက ဇွန်လဆန်း ပိုင်းက စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်ထိ ဧက ၃၀ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူ မြို့နယ်အတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် တစ်မြို့နယ် လုံး ပဲကြီး ၃၄ ဧကစိုက်ပျိုးဖို့ လျာထားပါ တယ်။ ပဲကြီးအပါအဝင် မိုးသီးနှံစိုက်ပျိုး ရေးနဲ့ပတ်သက်ပြီး သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းတွေ စနစ် တကျသုံးစွဲကြဖို့နဲ့ ပိုးမွှားအန္တရာယ် ကာကွယ်ဖို့ စတဲ့စိုက်ပျိုးရေးဆိုင်ရာအသိ ပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်” ဟု ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖူလုံစွာရရှိသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို အားထားလုပ်ကိုင် ကြကြောင်း၊ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ တွင်လည်း ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားရေ ရိက္ခာဖူလုံစေရန် ပဲကြီးအပါအဝင် ပဲမျိုးစုံ ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပဲကြီးစိုက်ပျိုးရာတွင် အထွက် နှုန်းကောင်းမွန်စေရန်၊ ပိုးမွှားအန္တရာယ် ကင်းစင်စေရန်နှင့် စနစ်တကျစိုက်ပျိုးနိုင် ရန် အသိပညာပေး လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။