ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်  ဩဂုတ် ၇

    နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

    ထိုသို့ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ဝန်ထမ်းမိသားစုများက စေတနာမေတ္တာအပြည့်ဖြင့်  ရှေ့တန်းမြေသို့ပေးပို့နိုင်ရေးအတွက် မြန်မာစီးပွားရေး  ကော်ပိုရေးရှင်းက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်  စည်သွတ် အသား/ ငါး စုစုပေါင်း ၄၃၅၇ ဘူး တန်ဖိုးငွေကျပ် (၃၀၀၀၀၀၀၀) (ကျပ်သိန်းသုံးရာ) အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။