ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

 

ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၇ ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၈

    မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဖယောင်းတောင်ရွာကို ဩဂုတ်လ ၆ ရက်နေ့ ညပိုင်းတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

    တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး( Counter- Terrorism Operation) ကို ဆောင်ရွက်နေသည့်ကာလတွင် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာကိုသာ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်း သူများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များ အား Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ကို ပြည်သူ များ အသိပင်ဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများ၏ လက်နက်ကြီး များ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရ သည်ကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက  နိုင်ငံတကာမှ တပ်မတော် အပေါ် သတင်းအမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များ ကို ဖုံးကွယ်ရန်အတွက် လူမှုကွန်ရက်မှတဆင့် သတင်းမှားများကို ဖြန့်ဝေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။