ပြည်သူ့စစ်မှုထမ်း ဥပ‌ဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ

 

ပြည်သူ့စစ်မှုထမ်း ဥပ‌ဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်ရသူများ

 

ကင်းလွတ်ခွင့်

၁။  ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ-၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-

      (က)    သာသနာ့ဝန်ထမ်းများ။

      (ခ )      အိမ်ထောင်သည်အမျိုးသမီးများ(အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်းပါဝင်သည်)။

      (ဂ )      ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ။

      (ဃ)    တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ။

       (င )      ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ။

၂။     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ

        (က)    ဉာဏ်အရည်အသွေးမမီခြင်းနှင့်  အကျင့်စာရိတ္တပျက်ပြားခြင်းတို့ကြောင့်  စစ်မှုထမ်းရန်မသင့်လျော်သူများ။

        (ခ )      ဆေးစစ်ဆေးခြင်းသတ်မှတ်ချက်အရ  စိတ်ပေါ့သွပ်သူဖြစ်ခြင်း (သို့မဟုတ်)စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက  ပြဋ္ဌာန်းထားသည့်အတိုင်း   သတ်မှတ်ခံရသူများ။

        (ဂ )      နိုင်ငံ့အတွက် တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန်မဖြစ်နိုင်သေးသော အသိပညာရှင်(သို့မဟုတ်)အတတ်ပညာရှင်များ။

        (ဃ)    တိုက်ပွဲတွင်ကျဆုံးခဲ့သည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ (ကိတ္ထိမသားသမီးများ၊ မွေးစားသားသမီးများမပါ)။

                    မှတ်ချက်။ အကယ်၍  ၎င်းသားသမီးအရင်းများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် သဘောဆန္ဒအလျောက်ဆန္ဒပြုပါက စစ်မှုထမ်းဆောင်ရန်ခွင့်ပြုနိုင်သည်။

        (င )      အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခုရရှိသော အားကစားသမားများ။

       (စ )      နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း  လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော ဆရာဝန်နှင့်သူနာပြုများ။

       (ဆ)    တစ်ဆက်စပ်တည်း  လုပ်သက် ၂ နှစ်နှင့်အထက်ရှိသော  တပ်မတော်စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ။

       (ဇ )      ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူများ။