ကန့်ဘလူမြို့နယ်က ကျေးရွာ ၁၆ ရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက်နေ့အထိ ကျေးရွာ ၁၆ ရွာမှ နေအိမ် ၆၀၀ ကျော်ကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ကျေးရွာများမှာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို မထောက်ခံသည့်ကျေးရွာများ ဖြစ်သည့် အတွက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုပါကျေးရွာများကို မီးရှို့ဖျက်ဆီး ခြင်းနှင့် အပစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ PDF အမည်ခံ အကြမ်းဖက်သမားများကို ပြန်လည်တိုက်ခိုက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဝါဒဖြန့်ဝေ နေခြင်းသာ ဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။