စက်ဘီးနင်းပြိုင်ပွဲတွင် ဂျာမနီက ကမ္ဘာ့စံချိန်အသစ်တင်
ဩဂုတ်လ ၉ ရက်တွင်ကျင်းပသော အိုလံပစ် အားကစားပွဲတော်၏ အမျိုးသမီး တာတိုစက်ဘီးနင်း ပြိုင်ပွဲတွင် ဂျာမနီနိုင်ငံမှ လီဖရီးဒရစ်က ကမ္ဘာ့စံချိန်အသစ်ကိုတင်လိုက်နိုင်ကြောင်း သိရသည်။
လီဖရီးဒရစ်သည် မီတာ ၂၀၀ ပြိုင်ပွဲကို ၁၀ ဒသမ ၀၂၉ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့ကာ ကမ္ဘာ့စံချိန်အသစ်ကို တင်လိုက်နိုင်ခြင်း ဖြစ်သည်။
ယခင်စံချိန်အဟောင်းကို နယူးဇီလန် နိုင်ငံမှ အယ်လက်ဆီအန်ဒရူးက ၁၀ ဒသမ ၁၁၇ စက္ကန့်ဖြင့် ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယင်းစံချိန်ကို ငါးမိနစ်အကြာတွင် လီဖရီး ဒရစ်က ချိုးလိုက်နိုင်ခြင်းဖြစ်သည်။
အလားတူ ဗြိတိန်နိုင်ငံမှ ကမ္ဘာ့ချန်ပီယံ တစ်ဦးဖြစ်သည့် အမ်မာဖီနက်ကိန်းက လည်း အန်ဒရူး၏စံချိန်ကိုချိုးကာ ၁၀ ဒသမ ၀၆၇ စက္ကန့်ဖြင့် ပန်းဝင်လာနိုင်သောကြောင့် ကမ္ဘာ့ဒုတိယမြောက် အမြန်ဆုံး တာတိုစက်ဘီးနင်းသမား ဖြစ်လာကြောင်း သိရသည်။