ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ‌စေဈး၌ ရာသီပေါ်သီးနှံဖြစ်သော နာနတ်သီးများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ‌စေဈး၌ ရာသီပေါ်သီးနှံဖြစ်သော နာနတ်သီးများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

ရန်ကုန်  ဩဂုတ်  ၁၁

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ  သီရိမင်္ဂလာဈေး၌ ယခုလအတွင်း ရာသီပေါ်သီးနှံဖြစ်သော  နာနတ်သီးများ  အရောင်းအဝယ်   ကောင်းမွန်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးမှ ဈေးတာဝန်ခံ ဦးအောင်လင်းဦး၏ ပြောဆိုချက်အရ သိရသည်။

ယခုအခါ   သီရိမင်္ဂလာဈေးသို့  ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသော နာနတ်သီးများ  နေ့စဉ်  ဝင်ရောက်လျက်ရှိပြီး  အဆိုပါနာနတ်သီးများတွင် အချိုသီးများသည် အရသာအကောင်းဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သည်။

"အခုမိုးရာသီကာလမှာ  သီရိမင်္ဂလာ ဈေးကို နေ့စဉ်   သစ်သီးကုန်တင်ယာဉ် အစီးရေ ၁၉  စီးလောက်နဲ့ ကုန်ပိဿာချိန် နှစ်သိန်းဝန်းကျင် ဝင်ရောက်နေပြီး လက်ရှိဝင်ရောက်နေတဲ့ သီးနှံတွေထဲမှာ   ရာသီပေါ်သီးနှံဖြစ်တဲ့  နာနတ်သီးက အရောင်းအဝယ် အကောင်းဆုံးဖြစ်ပါတယ်။လက်ရှိမှာ နာနတ်သီးတွေကို အရွယ်အစားပေါ်မူတည်ပြီး   ဈေးနှုန်းအသီးသီး သတ်မှတ်ရောင်းချနေပါတယ်"   ဟု ဦးအောင်လင်းဦး က‌ပြောသည်။

သီရိမင်္ဂလာဈေး၌ သစ်သီးဆိုင်ခန်း ပေါင်း ၂၅၀ ခန့်ရှိပြီး ထိုသစ်သီးဆိုင်များ သို့ ဝင်ရောက်လာသော သစ်သီးဝလံများ ကို   ရန်ကုန်တိုင်းဒေသကြီး အတွင်းသာမက  တခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။ 

အဆိုပါ  သီရိမင်္ဂလာဈေးရှိ  ဈေးရုံပေါင်း  ၁၄  ရုံ၌  စုစုပေါင်းဆိုင်ခန်း ၄၀၀၀ ကျော် ဖွင့်လှစ်ထားကာ  နေ့စဉ် အနယ်နယ်အရပ်ရပ်မှ   ဝင်ရောက်လာသော ကုန်စိမ်း၊ ပန်း၊ သစ်သီးဝလံ၊ ကွမ်း စသည့်ကုန်ပစ္စည်းများကို    ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။

လက်ရှိတွင် သီရိမင်္ဂလာဈေး၌ ရောင်း ဝယ်ဖောက်ကားချိန်ကို နံနက် ၄ နာရီမှ ည ၇   နာရီအထိသတ်မှတ်ထားပြီး ယင်းအချိန်နောက်ပိုင်းတွင် ကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ယာဉ်များ    ရောက်ရှိလာပါကလည်း  ဈေးအတွင်းသို့ ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။ 

Dates: 
Monday, August 12, 2024 - 08:44