ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ နှစ်ဦးအား အမိနိုင်ငံသို့ပြန်လည် ပို့ဆောင်

 

ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ နှစ်ဦးအား အမိနိုင်ငံသို့ပြန်လည် ပို့ဆောင်

 

ရန်ကုန်   ဩဂုတ်   ၁၁

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်  အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့် အနေဖြင့် မည်သို့သော အခြေအနေနှင့် တွေ့ကြုံရ သည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံး နှင့် မြန်မာသံရုံးတို့သည်  သက်ဆိုင်ရာနိုင်ငံ သံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေ အီးနိုင်ငံ ရီရတ်ဒ်မြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ  မသီတာအောင်နှင့် မခင်မြတ်နိုးဝင်းတို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့် ယူအေအီးနိုင်ငံရှိ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ် ရေးဌာန၊ အလုပ်သမားရေးရာနှင့် စပ်လျဉ်းသည့် ဌာနများသို့ ယူအေအီးနိုင်ငံခြား‌ရေး ဝန်ကြီးဌာနမှတစ်ဆင့် ဆက်သွယ်ဆောင် ရွက်ခြင်း၊  မြန်မာနိုင်ငံဘက်မှ  ပို့ဆောင် သူများ၊ ဒူဘိုင်းဘက်မှ အေဂျင်စီများထံ ဆက်သွယ်၍ ကာယကံရှင်များ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ရေး ဆောင်ရွက်ပေးရန် ညှိနှိုင်းပေးခြင်းနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများအတွက်   သက်သေခံလက်မှတ်များ ထုတ်ပေးခြင်းတို့ကို ဆောင် ရွက်ပေးခဲ့ပြီး  မြန်မာနိုင်ငံသို့  ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ရာ မြန်မာနိုင်ငံသူနှစ်ဦးမှ မသီတာအောင်သည် ဩဂုတ်လ ၉ ရက်တွင် ဒူဘိုင်း-ရန်ကုန်ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး  မခင်မြတ်နိုးဝင်းသည် ဩဂုတ်လ  ၁၁ ရက်   ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဒူဘိုင်း-ရန်ကုန်ခရီးစဉ်ဖြင့်  ထွက်ခွာခဲ့ရာ  ယနေ့ည ၁၀ နာရီ ၁၀  မိနစ်တွင်  ရန်ကုန်မြို့သို့ရောက်ရှိခဲ့သည်။

ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့  ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံး အနေဖြင့်  ကူညီဆောင် ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲ  ကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံး တို့၏ ညှိနှိုင်း‌ကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးလျက်ရှိရာ  ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခ ကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့်   မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့်    မြန်မာသံရုံးတို့အား  လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။