ကလေးမြို့တွင် အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးလျက်ရှိသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့်ဟု မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

 

ကလေးမြို့တွင် အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးလျက်ရှိသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့်ဟု မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ မတ် ၂၀

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် မတ်လ ၁၈  ရက် နေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ ဆိုက်တွဲမောင်းနှင်လာသော သားအဖ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်သတင်းနှင့်ပတ်သက်၍ လတ်တလော ကလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှု များပြားလာကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီ ယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ မတ်လ ၁၈ ရက်နေ့နံနက်ပိုင်းက စမ်းမြို့ရပ်ကွက်၊ KBZ ဘဏ်ခွဲ(၂) ရှေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး ဆိုက်တွဲမောင်းနှင်းလာသည့် သားအဖ ၂ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

    တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအား သတင်းအမှန်များ အချိန်နှင့်တစ်ပြေးညီသိရှိစေရန် ရေးသားထုတ်လွှင့်ခြင်းမရှိဘဲ သတင်းတု၊ သတင်းအ မှားများဖြင့်သာ သတင်းအဆိပ်ခတ်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။