မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆ ၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သိန်းကျော် ဖမ်းဆီးရမိ

 

မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆ ၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၅ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၀

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၆ ရက် ညနေ ၅ နာရီတွင်  မိုးညှင်းမြို့နယ်၊  ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီးတွင် မင်းထွေး မောင်းနှင်ပြီး မင်းကိုကိုနှင့်ထွန်းဦးတို့လိုက်ပါလာသည့်   TOYOTA    ALPHARD အမျိုးအစား မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၄၅၄၁၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။