ဘိုကလေးမြို့နယ် အခြေခံပညာကျောင်းများ၌ တိုင်းရင်းဆေးဖြင့် ဆေးကုသခြင်း ဆောင်ရွက်

 

ဘိုကလေးမြို့နယ် အခြေခံပညာကျောင်းများ၌ တိုင်းရင်းဆေးဖြင့် ဆေးကုသခြင်း ဆောင်ရွက်

 

ဘိုကလေး ဩဂုတ် ၁၃

    ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာန တိုင်းရင်းဆေးကု ဌာနမှ ဩဂုတ်လ  ၁၃   ရက်တွင်  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများအား  တိုင်းရင်းဆေးဖြင့်  ဆေးကုသခြင်း လုပ်ငန်းဆောင်ရွက်သည်။

ထိုသို့ဆေးကုသရာတွင်    မြို့နယ်တိုင်းရင်း ဆေးကုဌာန ဦးစီးမှူး ဒေါ်ထက်ထက်လင်းက ကုသဆောင်ရွက်ပေးခြင်း ဖြစ်ပြီး  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား  ပန်းနာရင်ကျပ်ရောဂါများ၊    လေထိုးလေအောင့်ရောဂါများ၊  သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ အပါအဝင် အထွေထွေရောဂါများအား အခမဲ့ကုသ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆေးဝါးကုသမှုအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာများအား  အသိပညာပေး ဟောပြောကြောင်း သိရသည်။       

 

 

Dates: 
Wednesday, August 14, 2024 - 09:30