ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နေပြည်တော် မေ ၁၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျိုင်းတုံမြို့နယ် ဝမ်တာပုံကျေးရွာအုပ်စု ဝမ်တာပုံကျေးရွာအနီးတွင် လမ်းလျှောက်လာသော အိုက်ကျောက်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။