လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်နှင့် ဒေါနိုးကူးရပ်ကွက်တို့ရှိ အခြေခံပညာအထက်တန်း ကျောင်းတို့မှ ဆရာ၊ ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ ၁၄ ရက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းနှင့် ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာကျောင်းခန်းမဆောင်များ၌ အသီးသီးပြု လုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ဆရာ၊ ဆရာမများအတွက် ဆန်၊ ဆီ၊ ကြက်ဥများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံ ရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများ၏ တင်ပြချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။