အေဂျက်အသင်း ဘောလုံးကွင်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် အလင်းပေး
နယ်သာလန်နိုင်ငံရှိ အေဂျက်ဘောလုံး အသင်းက ၎င်းတို့၏ဘောလုံးကွင်းတစ် ကွင်းလုံးကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု၍ အလင်းရောင်ကောင်းစွာ ပေးနိုင်ကြောင်း သိရသည်။
ဘောလုံးကွင်းတစ်ကွင်းလုံးအတွက် သာမက ကစားသမားလျှောက်လမ်း၊ ဓာတ် လှေကားနှင့် ဘီယာပိုက်ခေါင်းများကိုပါ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် လျှပ်စစ် ဓာတ်အားပေးနိုင်ခြင်းဖြစ်သည်။
အဆိုပါဘောလုံးကွင်း၏ အမိုးပေါ်တွင် ဆိုလာပြားအချပ်ရေ ၄၂၀၀ တပ်ဆင်ထား ပြီး ၎င်းမှရရှိသော လျှပ်စစ်ဓာတ်အားများကို သိမ်းဆည်းရန် ၈ ဒသမ ၆ မဂ္ဂါဝပ်ပမာဏရှိ ဘက်ထရီစနစ်ကို တပ်ဆင်ထားခြင်းဖြစ် သည်။ အဆိုပါ ဘက်ထရီစွမ်းအင်ပမာဏ သည် အိမ်ခြေအလုံး ၂၀၀၀၀ ကို တစ်နာရီ ကြာ လျှပ်စစ်ဓာတ်အား ပေးနိုင်စေမည် ဖြစ်သည်။
အသုံးပြုထားသော ဘက်ထရီများမှာ အသစ်များမဟုတ်ဘဲ တစ်ပတ်ရစ်များသာ ဖြစ်သောကြောင့် လျှပ်စစ်ကားများမှ ဘက်ထရီများနှင့် အခြားအသုံးပြုပြီးသော ဘက်ထရီများကို နှစ်ကြိမ်မြောက် အသုံးပြုမှု အတွက် နည်းလမ်းတစ်ခု ဖော်ဆောင်ပေး ခြင်းဖြစ်သည်။
ထို့ပြင် ယင်းဘောလုံးကွင်းသည် စွမ်းအင်လိုအပ်ချက်ကို လျှော့ချနိုင်စေရန် LED အခြေခံ မြက်ပင်ကြီးထွားမှုစနစ်နှင့် LED မီးသီးများကိုသာ အသုံးပြုထားခြင်းဖြစ်သည်။
ယခုကဲ့သို့ ဆောင်ရွက်ချက်သည် ၂၀၃၀ ပြည့်နှစ်အရောက်၌ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်သည့် အားကစားပွဲများကိုကျင်းပ သွားနိုင်ရေးဖြစ်ကြောင်း ဘောလုံးကွင်းမှ တာဝန်ရှိသူကပြောသည်။