ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ဖမ်းဆီးရမိ

 

ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁၃

 

ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျိုင်းတုံမြို့နယ် ဝမ်တာပုံကျေးရွာအုပ်စု ဝမ်တာပုံကျေးရွာအနီးတွင် လမ်းလျှောက်လာသော အိုက်ကျောက်အား စစ်ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ကျောက်၂၆ နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။