တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်     သြဂုတ်    ၁၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၁၃  ရက်တွင် အကောက်ခွန်ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌  ကုန်သေတ္တာ (၆)လုံးအတွင်းမှ     သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့်   တရုတ်နိုင်ငံထုတ် Ceramic Tile   (၉၁၃ ဒသမ ၉၂)စတုရန်းမီတာ၊ Marble Tile (၂၄၅၇ ဒသမ ၆၀)စတုရန်းမီတာ အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၀၈၁၅၇၉)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌      ခရီးသည်(၂)ဦး၏ ဝန်စည်များ အတွင်းမှ   တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Synergy Dietary Supplement (၂၉)ဘူး၊ Supermicro Refurbish Server လျှပ်စစ်အပိုပစ္စည်း (၄)ခု     အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၆၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၁၄၁၅၇၉)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အတူ သြဂုတ်လ ၁၃ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌    သာမညမြို့မှ  ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်   Alcohol   တဆေးအမှုန့်ဘူး (၁၉၀)၊ ထိုင်းနိုင်ငံထုတ် Nutrimix တိရစ္ဆာန်အစာ (၂၅)ကီလိုဂရမ်ပါ အိတ် (၃၀) ၊ Bubble အစေ့ ထုပ် (၉၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၂၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ သြဂုတ်လ ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတမြို့၊   ဥယျာဉ်မြောက်ရပ်ကွက်၊        ဟင်္သာဝိုင်းအနီး၌ လိုင်စင်မဲ့ Honda Partner မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ    အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ်လ ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်၌    မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (သုည ဒသမ ၃၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၁၉၈)နှင့် အဆိုပါသစ်များ  တင်ဆောင်လာသည့် Hino Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၃၂၁၉၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ယင်းအတူ     သြဂုတ်လ ၁၃ ရက်တွင် ရှမ်းပြည်နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့၊ မြို့ရှောင်လမ်း၊ ကျိုင်းဖောင်းဂိတ်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်း ဘူး(၂၀)အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၄၀၀၀၀)နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Shwe Nyi Ko Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို လည်းကောင်း၊   မူဆယ်မြို့၊     ဆင်ဖြူဂိတ်အကျော်   လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့်   Colinear Audio Speaker (၂)လုံးအပါအဝင်  ကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၅၄၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၈၉၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် လ ၁၃ ရက်တွင် ဘုရားကြီးမြို့ လမ်းဆုံအနီး၌ မော်တော်ယာဉ်(၂)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    မလေးရှားနိုင်ငံထုတ် ပုစွန်တစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ (၄၀)ပုံး၊ ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ (၁)လီတာပါ   ဘူး(၁၂၀)အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၄၃၆၅၀၀၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊  သြဂုတ်လ ၁၄ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၆၉၆)တန်၊ သစ်မာ (၁ ဒသမ ၆၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၂၅၄၄)ကို    သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၂၇၇၅၄၄) ကို    ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင်    သြဂုတ်လ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး       တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၁၉ x ၁၂၀ လမ်းထိပ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စကော့တလန်နိုင်ငံထုတ် Gold Label Whisky ပုလင်း (၆၀)၊ Red Label (၁၉၂)ပုလင်းအပါအဝင် ကုန်ပစ္စည်း (၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀၀၀၀၀၀)ကို လည်းကောင်း၊ မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၁၉ x ၁၂၀ လမ်းထိပ်၌ တရားဝင်စာရွက်စာတမ်း   အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်   ထိုင်းနိုင်ငံထုတ် Non-Dairy Creamer ထုပ် (၁၈၀၀) ၊ Vixol Bathroom Cleaner ပုလင်း(၁၅၀၀) အပါအဝင်  ကုန်ပစ္စည်း(၅)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၇၅၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး၊ မိုင်တိုင်အမှတ် (၃၆၄/၁)၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Golden Mountain ခရုဆီ (၁၃၆၈)ပုလင်း၊  ပုစွန်နှစ်ကောင်စားအုန်းဆီ  (၂)လီတာပါ ဘူး (၂၄၀)နှင့် (၁)လီတာပါ ဘူး(၆၆၀)၊ Uncle Barn’s Tempura Flour ထုပ်(၂၃၈၀) အပါအဝင် ကုန်ပစ္စည်း(၈)မျိုး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၀၉၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၇၅၆၄၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၉)မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၁၅၉၉၂၁)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။  

Dates: 
Friday, August 16, 2024 - 14:43

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1258 of /home/mwd/web/myawady.net.mm/public_html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT * FROM {fontyourface_font} WHERE enabled = 1 AND css_selector != '' ORDER BY name ASC; Array ( ) in fontyourface_get_fonts() (line 264 of /home/mwd/web/myawady.net.mm/public_html/sites/all/modules/fontyourface/fontyourface.module).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 854778098670d06986313b6.00658349 ) in lock_release_all() (line 269 of /home/mwd/web/myawady.net.mm/public_html/includes/lock.inc).