မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် မေ ၁၃
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် ရပ်စောက်မြို့ ဗထူးရပ်ကွက်အနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် တင်ထွန်းဦး(ခ)ကိုနိုင် မောင်းနှင်ပြီး မိုးကျော်သူ လိုက်ပါလာသည့် ခြောက်ဘီးမော်တော်ယာဉ်နှင့် ခွန်ကျော်သူ မောင်းနှင်လာသည့် ခြောက်ဘီး မော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၀၀၀၀ ကီလို (၁၀ တန်)ကို လည်းကောင်း၊ ထို့ပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မေလ ၁၂ ရက် ည ၆ နာရီခွဲတွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် မြို့ရှောင်လမ်းတွင် အိုက်ခုန်းမောင်းနှင်ပြီး စိုင်းခမ်းရှဲန်လိုက်ပါလာသည့် HONDA CRV အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် မေလ ၁၁ ရက် ညနေ ၅ နာရီတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) နယ်မြေ(၁၃) ကောင်းဆာလမ်းနှင့် လားရှိုး-သိန်းနီသွားကားလမ်းမကြီးထောင့်တွင် စိုင်းအွမ်ခမ်း (ခ)အိုက်အွမ် မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက်(၁၂) နယ်မြေ(၁၃) ကောင်းဆာလမ်းရှိ ၎င်းင်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
