AI ကိုသင်ကြားပေးရင်း လူသားတို့၏ အမူအကျင့်များ ပြောင်းလဲလာ

 

AI ကိုသင်ကြားပေးရင်း လူသားတို့၏ အမူအကျင့်များ ပြောင်းလဲလာ

 

    ဝါရှင်တန်တက္ကသိုလ်မှ သုတေသနတစ်ခုအရ လူသားများသည် AI ကို သင်ကြား ပေးရင်း အမူအကျင့်များ ပြောင်းလဲလာသည်ကို တွေ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်   အနည်းငယ်အတွင်း လူသားများသည်  ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် လုပ်ဆောင်ရာတွင် AI ၏အကူ အညီအပေါ် များစွာမှီခိုလာသည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း AI များသည် လူသားများကို ကူညီပေးသည်သာမက လူသားများထံမှ အမူအကျင့်များကိုလည်း လေ့လာသင်ယူမှုများ လုပ်ဆောင်သည်ကို တွေ့ရသည်။

သို့သော် လူသားများသည် AI ကို သင်ကြားပေးရင်းဖြင့်ပင် ၎င်းတို့၏အမူအကျင့်များ ပြောင်းလဲမှန်းမသိ ပြောင်းလဲလာသည်ဟု သုတေသီများက ပြောထားသည်။

သုတေသနပညာရှင်များသည် လူသား တို့၏အပြုအမူနှင့် AI တို့ကြား စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှုအခြေအနေကို လေ့လာရာမှ ယခုကဲ့သို့တွေ့ရခြင်းဖြစ်သည်။

ထို့ကြောင့် AI ကို လေ့ကျင့်သင်ကြားပေးသည့် လူသားများသည် ဘက်လိုက်မှု များ ရှိနေပါက AI ၏ ဆုံးဖြတ်ချက်များကလည်း ဘက်လိုက်မှုများ ရှိနေမည်ဖြစ်သည် ဟု သုတေသနပညာရှင်များက သတိပေးထားသည်။