၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း တိုးတက်ဝင်ရောက်

 

၂၀၂၄ ခုနှစ်  ဩဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း တိုးတက်ဝင်ရောက်

 

ပဲခူး    ဩဂုတ်   ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင်  တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၄)ကျင်းပရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကား  ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီအဖွဲ့ဝင် တစ်ဦးက ပြည်ပရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးခြင်း၊ လည်ပတ်လျက်ရှိသည့် စက်ရုံသုံးခုမှကုန်ကြမ်းပစ္စည်းအသစ်  တိုးတက်တင်သွင်းခွင့် တောင်းခံခြင်း စသည့်  အမှုတွဲဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက်   တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက တင်ပြလာသည့်  အမှုတွဲများနှင့် ပတ်သက်၍ အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက် ဝင်ရောက်လာခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀၁ ဒသမ ၃၁၅ သန်း၊     ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ်   ၈၁၁၁၁   ဒသမ  ၀၁၁  သန်း ဝင်ရောက်ခဲ့ကာ   ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ၁၂၄၉၀  ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။