နေပြည်တော် ဒီဇင်ဘာ ၇
ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးဟာ ဆိုရင် နည်းပညာအခြေပြု ခေတ်မီတပ်မတော်တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင် နေကြတာ တွေ့ရပါတယ်။ ခေတ်မီပြီး စွမ်းရည်ထက်မြက်တဲ့တပ်မတော်အဖြစ် တည်ဆောက် နေတဲ့နေရာမှာ အင်ဂျင်နီယာ အတတ်ပညာနဲ့ တိုက်စွမ်းရည်တိုက်စွမ်းအား မြင့်မားဖို့လိုအပ်လှပါတယ်။ ဒါကြောင့် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ပြီး နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းတွေမှာ အားထားရတဲ့ပညာရှင်များ ပေါ်ထွက်လာစေဖို့ နှစ်စဉ်တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းတော်ကြီးကနေ တပ်မတော် အင်ဂျင်နီယာ အရာရှိများကို မွေးထုတ်ပေးလျက်ရှိရာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂)တိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို ကျင်းပခဲ့ရာ တပ်မတော်နည်းပညာတက္ကသိုလ်မှ တာဝန်ရှိသူများ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ စကားသံများကို ဖော်ပြလိုက်ရပါတယ်။
ဗိုလ်မှူးချုပ်မျိုးသိန်းကျော်
(စာပေညွှန်ကြားရေးမှူး)
တပ်မတော်နည်းပညာတက္ကသိုလ် အင်ဂျင်နီယာဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၂)မှာတော့ အင်ဂျင်နီယာ အရာရှိ ၁၉၇ ဦးဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရေးစနစ်ကတော့ အမှန်တကယ် တတ်မြောက်မှုကို အခြေခံတဲ့ ပညာရေး စနစ်ဖြစ်ပါတယ်။ နိုင်ငံတကာကျောင်း တွေလည်း ဒီအတိုင်းကျင့်သုံးဆောင်ရွက် နေတာပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် တဲ့နေရာမှာလည်း စနစ်တကျရှိဖို့၊ အင်ဂျင်နီယာပညာရေး တစ်ပြေးညီ ဖြစ် စေဖို့ အတွက် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက် တွေ၊ ဂိုက်လိုင်းတွေချမှတ်ပြီး ဆောင်ရွက် ရတာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ ဘယ်လောက်ထိ ထိရောက်မှုရှိသလဲကို အရည်အသွေး စိစစ်အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ဖြင့် ပြန်လည်ဆန်းစစ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာလည်း နိုင်ငံတကာ ပညာကျောင်း များ ဆောင်ရွက်နေသည့် အတိုင်း ရလဒ်အခြေပြု ပညာရေးစနစ် နိုင်ငံတကာစံနှုန်းတွေအတိုင်း အကောင်အထည် ဖော် လျက်ရှိပါတယ်။ ဒီလိုအကောင်အထည်ဖော်ရာမှာ ခရီး တစ်ခုအထိ ပေါက်ရောက်အောင်ဆောင် ရွက်နိုင်ပြီး ဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို မှတ်ကျောက်တင် နိုင်ဖို့ အရည်အသွေး အသိအမှတ်ပြု ခြင်း လုပ်ငန်းကို လာမည့်နှစ်တွင်ဆောင်ရွက်ရန် လျာထားလျက်ရှိပါတယ်။ တိုးတက်နေတဲ့ ခေတ်သိပ္ပံနည်း ပညာတွေကို အမီလိုက် နိုင်ရန်အတွက် ဆန်းသစ်ထီထွင်မှုတွေ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ ဆန်းသစ် တီထွင်မှုဆို တာဟာ အခြေခံအကျဆုံး အချက်ကတော့ အသိပညာလုံလောက်စွာ တတ်မြောက်မှုပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လိုအပ်တဲ့အသိပညာ တွေကို လုံလောက်စွာ တတ်မြောက်ဖို့ အတွက် ဦးစားပေး သင်ကြားနေပါတယ်။
ဒါ့အပြင် ဒါတွေကို လက်တွေ့အကောင် အထည်ဖော်ဖို့ဆိုရင် ရင်ဆိုင်နေရတဲ့ ပြဿနာရပ်တွေကို လေ့လာ ဆန်းစစ်ခြင်းကို သိရှိရမှာဖြစ်ပါတယ်။ လေ့လာတွေ့ရှိ ချက်တွေအပေါ်မူတည်ပြီး ဆန်းသစ် တီထွင်မှုတွေနဲ့ အကောင် အထည်ဖော် နိုင်ရမှာဖြစ်ပါတယ်။ အခုလို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့် သင်ကြား မှုတွေရှိပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ဆောင်ချက်ရလဒ်တွေကို အသိ ပညာဖလှယ်နိုင်ဖို့အတွက် စာတမ်းဖတ် ပွဲတွေ၊ ဏမသနြခအ ပြပွဲတွေလည်း နှစ်စဉ် ကျင်းပပေးလျက်ရှိပါတယ်။ စာပေထူးချွန် ဆုရွေး ချယ်မှုကတော့ သင်တန်းကာလ ခြောက်နှစ်လုံး စာပေပညာရရှိခဲ့တဲ့အမှတ်မှာ စုစုပေါင်း အများဆုံးရရှိခဲ့တဲ့ ဗိုလ်လောင်းကို ရွေးချယ်ပြီး ဆုရွေးချယ်ခဲ့ ခြင်းဖြစ်ပါတယ်။ ကျောင်းဆင်းဗိုလ်လောင်း များကို မှာကြားချင် တာကတော့ အဓိက သုံးချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ လူသားတစ်ယောက်မှာ အခြေခံအကျဆုံးနဲ့ အရေး အကြီးဆုံးဖြစ်တဲ့ စိတ်ဓာတ်ကောင်း၊ စည်းကမ်းရှိဖို့လိုပါတယ်။ ဒုတိယတစ်ချက် ကတော့ တပ်မတော်သား အင်ဂျင်နီယာများ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်သား တစ်ယောက် လိုက်နာရမယ့်ကျင့်ဝတ်တွေ၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာကျင့်ဝတ် တွေကို အလေးထား လေးစားလိုက်နာ ကျင့်သုံးဖို့ လိုတယ်။ နောက်ဆုံး အချက်ကတော့ ကျွန်တော်တို့ ကျောင်းကသင်ပေး လိုက်တာကတော့ အခြေခံပညာအဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခင် ရောက်ရှိတော့မယ့် လက်တွေ့လုပ်ငန်းခွင် ထဲမှာ စဉ်ဆက်မပြတ် ဆက်လက်လေ့လာ ဆည်းပူး သွားကြဖို့ မှာကြားလိုပါတယ်။
ဗိုလ်မှူးကြီးအောင်ကျော်မိုး
(နည်းပြအရာရှိချုပ်)
ကျွန်တော်ကတော့ တပ်မတော်နည်း ပညာတက္ကသိုလ်မှာ သင်တန်းတက်ရောက်နေတဲ့ ဗိုလ်လောင်းတွေကို စစ်ပညာနဲ့ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေဖို့အတွက် လေ့ကျင့်သင်ကြားပေးနေတဲ့ နည်းပြ အရာရှိ/ စစ်သည် တွေကို တာဝန်ယူ ကြပ်မတ်ရတဲ့ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး အောင်ကျော်မိုးဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်နည်းပညာ တက္ကသိုလ်မှာ ဗိုလ်လောင်းသင်တန်းကာလ ခြောက်နှစ် တက်ရောက်ရပြီး ပထမနှစ် ဗိုလ်လောင်း စတင်ချိန်မှ နောက်ဆုံးနှစ်ဗိုလ်လောင်း ကျောင်းဆင်းချိန်ထိ တပ်သားအဆင့်မှ တပ်စုမှူး အဆင့်အထိ စစ်ပညာရပ်တွေကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဗိုလ်လောင်းတွေ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် ဖို့အတွက် နံနက်/ညနေ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေအပြင် မြန်မာ့သိုင်း အားကစားကိုလည်း နည်းပြအဆင့်ထိတတ်ကျွမ်းအောင် လေ့ကျင့်သင်ကြား ပေးလျက်ရှိပါတယ်။ ဗိုလ်လောင်းတွေ အခြေခံစိတ်ဓာတ်ကောင်းမွန်ဖို့နဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေဖို့အတွက် နှစ်အလိုက် အောင်စစ်သည်အားကစား ပြိုင်ပွဲတွေကျင်းပပြီး အဖွဲ့အစည်းစိတ်ဓာတ် ရှိလာအောင်လည်း လေ့ကျင့် သင်ကြားပေး လျက်ရှိပါတယ်။ စည်းကမ်းကောင်းမွန်စေဖို့အတွက် ဝတ်စားဆင်ယင်မှုစည်းကမ်း၊ သွားလာ နေထိုင်မှုစည်းကမ်း၊ စာပေ/ စစ်ပညာသင်တန်းချိန်တွေမှာ လိုက်နာရမယ့်စည်းကမ်းတွေကို သတ်မှတ်လေ့ကျင့် သင်ကြား ပေးလျက်ရှိပါတယ်။ ဒီလိုဆောင် ရွက်ရာမှာ ဗိုလ်လောင်းတွေရဲ့တစ်နေ့တာ အချိန်ဇယား သတ်မှတ် ရေးဆွဲပြီး သက်ဆိုင်ရာဗိုလ်လောင်းတပ်ရင်းများအလိုက် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအရာရှိ များမှ အနီးကပ် ကြပ်မတ် လေ့ကျင့်ပေး လျက်ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ''စစ်တိုက် နိုင်သော အင်ဂျင်နီယာအရာရှိများ၊ အရည်အချင်းရှိသော အင်ဂျင်နီယာအရာရှိများ၊ စည်းကမ်း ကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်'' ဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ ဗိုလ်လောင်းတွေကို ကျောင်း ဆင်းသွား တဲ့အခါ နိုင်ငံတော်နဲ့တပ်မတော် က အားထားရတဲ့ အင်ဂျင်နီယာ အရာရှိ ကောင်းတွေဖြစ်လာစေဖို့ အဓိကထား လေ့ကျင့်ပေးလျက်ရှိပါတယ်။ လေ့ကျင့်ရေး ထူးချွန်ဆုရွေးချယ်မှုကတော့ ခြောက်နှစ်တာ သင်တန်းကာလအတွင်း စစ်ပညာ၊ စိတ် ဓာတ်၊ စည်းကမ်းနဲ့အကျင့်စာရိတ္တကောင်းပြီး အမှတ်အများဆုံးရရှိတဲ့ ဗိုလ်လောင်း ၁ဝ ဦးကို ပဏာမရွေးချယ်ပါတယ်။ ဒီဗိုလ်လောင်းတွေထဲမှာ စည်းကမ်းကောင်းပြီး အကျင့်စာရိတ္တနဲ့ စိတ်ဓာတ်ကောင်းမွန်တဲ့သူ၊ ပင်ကိုအရည်အသွေးနဲ့ ပေါင်းသင်း ဆက်ဆံရေးကောင်းမွန်တဲ့သူ စတဲ့အရည် အချင်းကောင်းတွေနဲ့ ပြည့်စုံတဲ့ဗိုလ်လောင်း တစ်ဦးကို ထူးချွန်ဆုရွေးချယ်ရေးအဖွဲ့သို့ တင်ပြအတည်ပြုချက် ရယူပြီး စိစစ် ရွေးချယ်တာဖြစ်ပါတယ်။ ကျောင်းဆင်းပြီး သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ)လက်ရုံး တပ်ဖွဲ့တွေမှာ တာဝန် ထမ်းဆောင်ကြမယ့် တပည့်အရာရှိတွေကို မှာကြားချင်တာကတော့ အမိတက္ကသိုလ်မှသင်ကြားပေး လိုက်တဲ့ စာပေပညာ၊ စစ်ပညာရပ်တွေကို နိုင်ငံတော်နဲ့ တပ်မတော်အတွက် အကျိုးရှိအောင် ကြိုးစား အသုံးချကြပါ။
''ကျင့်ဝတ်တီထွင်၊ စွမ်းအားရှင်'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အနာဂတ်တပ်မတော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အခန်း ကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် လက်ရုံး ရည်၊ နှလုံးရည်နဲ့ပြည့်ဝတဲ့ အင်ဂျင်နီယာ အရာရှိကောင်း တွေဖြစ်အောင် တီထွင် ကြံဆ လုပ်ကိုင်သွားကြပါ။ ဗိုလ်လောင်းဘဝမှာ လေ့ကျင့်သင်ကြားမှုနဲ့ လိုက်နာ ကျင့်ကြံခဲ့ရတဲ့ နေထိုင်သွားလာမှု စည်းကမ်းတွေကို ''စံ'' အဖြစ်ထားရှိပြီး ကျင့်ကြံနေထိုင်သွားကြပါလို့ မှာကြားလိုပါတယ်။
ဗိုလ်လောင်းထွန်းလှိုင်ဝင်း
(အောင်စစ်သည်ဆု)
ကျွန်တော်ရရှိတဲ့ဆုကတော့ အောင်စစ်သည်ဆုဖြစ်ပါတယ်။ အောင်စစ်သည်ဆုရရှိအောင် စာပေပညာရော၊ စစ်ပညာရော နှစ်ဖက်လုံး မလစ်ဟင်းအောင် အကောင်းဆုံး ကြိုးစားခဲ့ရပါတယ်။ နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို အကောင်းဆုံး လေ့လာဆည်းပူးပြီး တစ်ဖက်မှာလည်း ကြံ့ခိုင်ရေး၊ စစ်ပညာ၊ စိတ်ဓာတ်၊ စည်းကမ်းစတဲ့ လေ့ကျင့်ရေး အပိုင်းကိုလည်း မလစ်ဟင်းအောင် ဆည်းပူးသင်ယူခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ စစ်တိုက်နိုင်တဲ့ အင်ဂျင်နီယာအရာရှိများ ဖြစ်ရမယ်၊ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာအရာရှိ များဖြစ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ မိမိတတ်ကျွမ်း ထားတဲ့ အင်ဂျင်နီယာ ပညာရပ်တွေကို ''အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အား''ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ တပ်မတော်အတွက် အားအင်တစ်ခုဖြစ်အောင် နိုင်ငံတော်နဲ့ တပ်မတော်အပေါ်အကောင်းဆုံးအကျိုးပြုနိုင်တဲ့ စစ်အင်ဂျင်နီယာကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။ အခုလို အောင်စစ်သည်ဆုကို ရရှိတဲ့ အတွက် အရမ်း ပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မိဘ၊ ဆွေမျိုးများ ဂုဏ်ယူရတဲ့ သားလိမ္မာကောင်း တစ်ယောက်၊ ညီငယ်ဗိုလ် လောင်းတွေ အားကျရတဲ့ ဗိုလ်လောင်းတစ်ယောက် ဖြစ်ခဲ့ပြီလို့ ယုံကြည်မိပါတယ်။
ဗိုလ်လောင်းနိုင်လင်းဦး
(လေ့ကျင့်ရေးထူးချွန်ဆု)
ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ လေ့ကျင့်ရေးထူးချွန်ဆုဖြစ်ပါတယ်။ လေ့ကျင့်ရေး ထူးချွန်ဆုရရှိခဲ့တာကတော့ စာပေပညာ တွေကို မလစ်ဟင်းအောင်လေ့လာရင်း တစ်ဖက်မှာလည်း စစ်ပညာရပ်တွေဖြစ်တဲ့ သေနတ်ပစ် ခတ်စဉ်၊ စစ်နည်းဗျူဟာနဲ့ ကိုယ်ကာယ လေ့ကျင့်မှုတွေမှာ သူများထက် ပိုမိုအားထုတ်ပြီး လေ့ကျင့်ခဲ့ပါတယ်။ ခြောက်နှစ်တာကာလအတွင်း ကျောင်းကချမှတ်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။
အုပ်ချုပ်မှုစွမ်းရည် တိုးတက်ဖို့အတွက် ဦး၊ ရေး၊ ထောက်နဲ့ခေါင်းဆောင်မှု စတဲ့ စစ်နည်းဗျူဟာတွေကို ကျွမ်းကျင် သိရှိအောင် လေ့ကျင့်ခဲ့လို့ ဒီဆုကို ရရှိခဲ့တယ်လို့ ထင်ပါတယ်။ စည်းကမ်းနဲ့ ကျင့်ဝတ်တွေ ကို စံနမူနာပြဖြစ်အောင်နေထိုင်ပြီး တပ်မတော်က တာဝန်ပေးအပ်တဲ့နေရာမှာ ကျွန်တော်လေ့လာသင်ယူခဲ့ရတဲ့ အင်ဂျင် နီယာဘာသာရပ်၊ စစ်ပညာဘာသာရပ် တွေကို အကျိုးရှိစွာအသုံးချပြီး တာဝန်ကျေအောင် ထမ်းဆောင် သွားပါမယ်။ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော် ကာကွယ်ရေးနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ချ ထားပါတယ်။
ဗိုလ်လောင်းအံ့မော်ဟိန်း
(စာပေထူးချွန်ဆု)
ကျွန်တော်ကတော့ စာပေထူးချွန်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ စာပေထူးချွန်ဆုရရှိဖို့အတွက် စာသင်ခန်းထဲမှာ နည်းပြဆရာ များရဲ့ သင်ကြားပြသမှုကို သေသေချာချာ မှတ်သားနားထောင်ခဲ့ပါတယ်။ နားမလည် တဲ့ပုစ္ဆာ တွေကိုလည်း နည်းပြများကို မေးမြန်းခဲ့ပါတယ်။ စာမေးပွဲနီးကပ်လာလျှင် စာကြည့်ချိန် ကို တိုးမြှင့်ပြီး စာကို သေသေချာချာ လေ့လာမှတ်သား ခဲ့ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကအားကိုး အားထားရတဲ့ အင်ဂျင်နီယာ ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်။ ကျွန်တော်ငယ်စဉ်ကတည်းက စစ်လက်နက် ပစ္စည်းတွေကို စိတ်ဝင် စားခဲ့ပါ တယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့အခါ တပ်မတော် နည်းပညာ တက္ကသိုလ်ကို ရွေးချယ်တက် ရောက်ဖြစ်ပါတယ်။ တပ်မတော်ရဲ့ခေတ်မီစစ်လက်နက်ထုတ်လုပ်မှုအပိုင်းမှာ တစ်ထောင့် တစ်နေရာက အားဖြည့်သွားပါမယ်။ အခုလို ထူးချွန်ဆုရရှိတဲ့အတွက် အရမ်းပင် ဝမ်းသာ ဂုဏ်ယူမိ ပါတယ်။ ညီငယ် ဗိုလ်လောင်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး မိမိရည် မှန်းချက် များကို ရောက်အောင်သွား ကြပါ။ နိုင်ငံတော်နဲ့ တပ်မတော်က အားထားရတဲ့အင်ဂျင်နီယာအရာရှိ ကောင်းများ ဖြစ်အောင် ကြိုးစားသွားကြပါလို့ ပြောကြားလိုပါတယ်။
ဗိုလ်လောင်း စိုင်းဈာန်ရဲမိုး၊
(ရှမ်းတိုင်းရင်းသား)
ကျွန်တော်ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးမြို့မှ နေထိုင်ပြီး တပ်မတော် နည်းပညာတက္ကသိုလ်ကို တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် (၁ဝ)တန်း ကျောင်းသား ဘဝကတည်းက ဆရာကြီး ဇော်ဂျီ ရေးသားတဲ့ ''သင်သေသွားသော်'' ကဗျာကို ရင်ထဲကိန်းအောင်းပြီးတော့ နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကို ဆောင်ရွက်ရန် အမြစ်တွယ်ခဲ့ပါတယ်။
နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော်ရန်နှင့် ကျွန်တော့်ရဲ့ ဝါသနာဖြစ်တဲ့ အင်ဂျင်နီယာ ဘာသာရပ်ကို သင်ကြားရန်အတွက် တပ်မတော် နည်းပညာ တက္ကသိုလ်ကြီးက အသင့်တော်ဆုံးနဲ့ အကောင်းဆုံးဖြစ်တာကြောင့် တက်ရောက် ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က တိုင်းရင်းသား တစ်ယောက် ဖြစ်သော်လည်း ကျွန်တော်ကို တန်းတူညီတူ ပြောဆိုဆက်ဆံ ပေါင်းသင်းခဲ့ကြပါတယ်။ အတွေ့အကြုံများ ကတော့ စည်းစနစ်ရှိစွာ နေတက်တဲ့ အတွေ့အကြုံ၊ အရေးကြီးကိစ္စများ ဖြေရှင်းရာတွင် အဖွဲ့အစည်းအလိုက် ညှိနှိုင်းကွပ်ကဲ ပေါင်းစပ်ပြီး ဖြေရှင်းစေတတ်သော အတွေ့အကြုံကောင်းများကို ရရှိခဲ့ပါတယ်။ နိုင်ငံတော် ကာကွယ် ရေးကို အဓိကထားပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာများ ကူညီစောင့်ရှောက်ရေးလုပ်ငန်း များပါမကျန်စွမ်းစွမ်းတမံ ထမ်းဆောင်သွားပါမယ်လို့ပြောချင်ပါတယ်။
နိုင်ထွန်း၊ လဲ့ရည်လှိုင်