၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

မုံရွာ    ဩဂုတ်    ၁၈

    စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တ ပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပလျက်ရှိရာ အခမ်းအနားသို့  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော်က  ကျန်းမာကြံ့ခိုင်သည့် အနာဂတ် လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုး ရေးလုပ်ငန်းများအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့်အတူ  ပိုမိုခိုင်မာ အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး က စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသောမိခင်များအား ဂုဏ်ပြုအမှတ် တရလက်ဆောင်များအား ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။   

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်းကျင်း ပြသထားသည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင် နို့တိုက်ကျွေးရေးနေ့  ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြခန်းများအား   လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက  အသက် ၅ နှစ် အောက် ကလေးငယ်များအား အင်အားပြည့်  ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး  ကိုယ်ဝန်ဆောင်မိခင်များအား

သံဓာတ်အားဆေးနှင့် အာဟာရဖြည့်စာများ    ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ဆက်လက်ပြီး   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ခုတင် -၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများနှင့် သူနာပြုများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေ ကြသည့် ဒေသခံပြည်သူများနှင့် မွေးကင်းစ ကလေးငယ်များအား အာဟာရဖြည့်စွက်စာများအား  လိုက်လံပေးအပ်ခဲ့ကြပြီး အားပေးစကားများ ပြောကြားကာ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         

Dates: 
Monday, August 19, 2024 - 10:35