ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကျင်းပ

 

 

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကျင်းပ

 

ရန်ကုန်  ဩဂုတ်  ၁၈

    ရန်ကုန်တိုင်းဒေသကြီးတွင်  ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့က လမ်းမတော်မြို့နယ် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။

ရှေးဦးစွာ   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင်   နှစ်စဉ်   ဩဂုတ်လအတွင်း ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး  ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ်  ဒုတိယရက် သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို  ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် များအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို   အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး   ရက်သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၌  ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ  လှုပ်ရှားမှု အဖြစ် အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာက  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ  လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဗီဒီယိုကိုပြသပြီး တိုင်းဒေသကြီး  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကိုယ်ဝန်ဆောင်   မိခင်များအတွက် အာဟာရဆိုင်ရာ အသိပညာပေး ဟောပြောသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်မှု ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအဖြစ် ပြသထားရှိသည့်ပြခန်းများ၊  ကိုယ်ဝန်ဆောင် မိခင်နှင့်နို့တိုက်မိခင်များ အတွက် အာဟာရ ပြည့်ဝမျှတသည့် အစားအစာများ ပြင်ဆင် ပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုကြပြီး  ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေဆေးလုံး တိုက်ကျွေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင နို့တိုက်မိခင်များကိုလည်း  လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Dates: 
Monday, August 19, 2024 - 14:26