ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်မှ ကျင့်ဝတ် တီထွင် စွမ်းအားရှင်ဟူသော လမ်းညွှန် ဆောင်ပုဒ်အတိုင်း နည်းပညာရှင်ဗိုလ်လောင်းများကို မွေးထုတ်ပေးလျက်ရှိသည်မှာ ယခုဆိုလျှင် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)ပင်ရှိခဲ့လေပြီ။ နိုင်ငံတော်အတွက် အားထားရ သော “ကျား”၊ တပ်မတော်အတွက် “အား”၊ မိဘပြည်သူများအတွက် “သား”ဟုဆိုထိုက်သော စွမ်းအားရှင် များဖြစ်ကြပေသည်။ ယနေ့ခေတ်သမိုင်းသစ်တွင် မိမိတိုင်းပြည်ကို တည်ဆောက်ကြရာ၌ နိုင်ငံတော်၊ ပြည်သူ နှင့် တပ်မတော်က အားကိုးအားထားပြုထိုက်သော အင်ဂျင်နီယာအရာရှိများအဖြစ် ပေါ်ပေါက်လာခဲ့ပြီဖြစ် သည်။
နည်းပညာပိုင်ဆိုင်သော နိုင်ငံများသည် အချိန်ကိုက်၊ နေရာကိုက်၊ ကြိုတင်လက်ဦးမှု ရယူချေမှုန်းနိုင်ရန် တိကျစွာ ပစ်ခတ်နိုင်သည့် အဖျက်စွမ်းအားကြီးမားသော ခေတ်မီလက်နက်ကိရိယာ ပစ္စည်းများနှင့် နည်း ပညာများပါ ပေါင်းစပ်အသုံးပြုနေကြပြီဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ခေတ်မီနည်းပညာနှင့်အတူ လိုက်ပါစီး မျောရမည်ဖြစ်သည်။ ထိုသို့လိုက်ပါနိုင်ရန် ခေတ်မီနည်းပညာရှင်လူငယ်များ များစွာလိုအပ်ပေသည်။ ထိုနည်း ပညာရှင်များသည်လည်း အမိနိုင်ငံကိုချစ်သူ၊ မိမိတပ်မတော်ကို တန်ဖိုးထားသူများ ဖြစ်ရပေမည်။ တိတိကျ ကျဆိုရလျှင် သစ္စာလေးချက်ကို အမှန်တကယ်ဦးထိပ်ရွက်သူများသာ ဖြစ်ရမည်။
ယနေ့ကမ္ဘာကြီး၏ မျက်မှောက်ခေတ်စစ်ပွဲသဏ္ဌာန်မှာ ဘက်စုံစစ်ပွဲအသွင် ဆင်နွှဲနေခြင်းဖြစ်သည်။ ဘက်စုံ စစ်ပွဲအသွင်ဆိုသည်မှာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့် ချိရေးနည်းနှင့် စစ်ရေးနည်းတို့ဖြစ်သည်။ ဘက်စုံစစ်ပွဲများကို ရင်ဆိုင်ရန်အတွက် တပ်မတော်တွင်ဘက်စုံ ပညာတတ်ကျွမ်းသူများ လိုအပ်သည်။ ထို့ကြောင့်လည်း တပ်မတော်တွင် တက္ကသိုလ်နှင့်သင်တန်းကျောင်းများ ဖွင့်လှစ်ထားခြင်းဖြစ်သည်။
တပ်မတော်အနေဖြင့် စက်မှုနည်းပညာပိုင်းဆိုင်ရာ ကဏ္ဍတွင် နိုင်ငံတော်ကို ပြည့်ပြည့်၀၀ကာကွယ် တည်ဆောက်ပေးနိုင်ရန်လိုအပ်သည်။ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်းသားကောင်းရတနာ များဖြင့် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းလျက်ရှိသည်။ ထိုသားကောင်းရတနာများသည် စစ်ဘက်နည်းပညာနှင့် သိပ္ပံပညာရပ်များကို တိုးတက်မြင့်မားရန်အတွက် နိုင်ငံတော်နှင့်တပ်မတော်က အားထားရသူများအဖြစ် တိုင်းပြည် အကျိုးကိုသယ်ပိုး ထမ်းရွက်ကြရပေတော့မည်။
တပ်မတော်နည်းပညာတက္ကသိုလ်တွင် သင်ကြားတတ်မြောက်ခဲ့သော ပညာရပ်များကို ဆက်လက် လေ့လာ သုတေသနပြုနေရမည်ဖြစ်သကဲ့သို့ လေ့လာရရှိသည့်ပညာရပ်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့် နေရမည်သာဖြစ်သည်။ ကျွမ်းကျင်ပြီး ပညာရပ်များကို လက်တွေ့စစ်မြေပြင်တွင် တွေ့ရှိရမည့် အတွေ့အကြုံ များနှင့်ပေါင်းစပ်ကာ တီထွင်နိုင်မှုစွမ်းပကားရှိသူများလည်း ဖြစ်ရပေမည်။ သို့မှသာ တပ်မတော်သည် နည်း ပညာရပ်ပိုင်းဆိုင်ရာများ မြင့်မားလာပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော တပ်မတော်တစ်ရပ်အဖြစ် ရပ်တည် နိုင်မည်ဖြစ်ပေသည်။
တပ်မတော်နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အင်ဂျင်နီယာဘွဲ့ရ အရာရှိကောင်းများကို မွေးထုတ်ပေးရန် ဖြစ်သည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင်စတင်ဖွင့်လှစ်ခဲ့သော တပ်မတော်နည်းပညာ တက္ကသိုလ်သည် အင်ဂျင်နီယာဘွဲ့ရအရာရှိကောင်းများကို မွေးထုတ်ပေးလျက်ရှိသည်။ ထိုပညာရှင်များသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် ပြောင်းလဲတိုးတက်နေသည့် စစ်မှုအတတ်ပညာများနှင့် တာဝန်ထမ်းဆောင်လျက်ရှိ လေသည်။ သိပ္ပံပညာထွန်းကားလာမှုကြောင့် စစ်မှုအတတ်ပညာများသည် ပြောင်းလဲတိုးတက်နေသည်။ စစ်မှု အတတ်ပညာတိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း ပြောင်းလဲလျက်ရှိသည်။ ထို့ကြောင့် တပ်မတော်တွင် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရန် အင်ဂျင်နီယာ ဗိုလ်လောင်းများကို လေ့ကျင့်သင်ကြားပေးနေခြင်းမှာ နိုင်ငံနှင့် လူမျိုးဂုဏ်မညှိုးအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။