ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ဒုတိယဝန်ကြီး ဦးစိုးကြည် လက်ခံတွေ့ဆ

 

ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ဒုတိယဝန်ကြီး ဦးစိုးကြည် လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဩဂုတ်   ၁၉

    လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲ  Mr. Sajjad Mohammad Sajid တို့ကိုယနေ့မွန်းလွဲပိုင်းတွင်  အဆိုပါဝန်ကြီးဌာန  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UNOCHA အကြား သဘောတူညီမှုစာလွှာ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး၊ UNOCHA ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာအတွက် အကူအညီပေးရေး၊ UNOCHA မှ မြန်မာနိုင်ငံအတွင်း အကူအညီ လိုအပ်သူများထံသို့ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေးနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့   အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့်  UNOCHA  ရုံးမှ   ကိုယ်စားလှယ်များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Dates: 
Tuesday, August 20, 2024 - 19:49